Spots news

အသင်းကထွက်ခွာသွားတဲ့ ကွန်တီကို ဝမ်းနည်းစွာ နှုတ်ဆက်လိုက်လးတဲ့ လူကာကူ

Unicode Version

လူကာကူက အင်တာမီလန်ကနေ ထွက်ခွာသွားတဲ့ နည်းပြ ကွန်တီကို ခံစားချက်အပြည့်နဲ့ နှုတ်ဆက်စာ ပေးပို့ခဲ့ပါတယ်။ ကွန်တီဟာ အင်တာမှာ ၂နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ၁၁နှစ် အတွင်း ပထမဆုံး စီးရီးအေ ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

လူကာကူဟာ ကွန်တီလက်ထက် အထူးခြေစွမ်းပြခဲ့ပြီး ၉၅ပွဲမှာ ၆၄ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ယမန်နေ့ည ကတော့ လူမှုကွန်ရက်ကနေ ဆရာကို နှုတ်ဆက်ခဲ့ပါတယ်။

လူကာကူက “၂၁၀၄တုန်းက ကျွန်တော်တို့ ပထမဆုံး စကားပြောခဲ့ကြပြီး အဲ့ဒီကနေ စလို့ ရင်းနှီးခဲ့ကြပါတယ်။ ကျွန်တော်တို့ အတူတကွ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပေမဲ့ ဘာလို့အစောကတည်းက ဒီလို ဖြစ်မလာလဲဆိုတာ ဘုရားပဲ သိမယ်ထင်ပါတယ်”

“ခင်ဗျား အချိန်ကိုက်ရောက်လာပြီး ကစားသမား တစ်ယောက်အနေနဲ့ ကျွန်တော့်ကို ပြောင်းလဲပေးခဲ့ကာ စိတ်ဓာတ်ဆိုင်ရာ ခိုင်မာလာစေပြီး အတူတကွ အောင်ပွဲရခဲ့ပါတယ်။ အောင်ပွဲတွေက ခင်ဗျားထံကနေ လာတာ ဖြစ်ပြီး နည်းပြအဖြစ် ခင်ဗျားကို မြင်ရလို့ ဝမ်းသာပါတယ်”

“ကျွန်တော် ရာသီကုန်ထိ အစွမ်းကုန်ပေးဆပ်ခဲ့ပြီး ခင်ဗျားအတွက် ကစားပေးခဲ့ရလို့ ဝမ်းသာပါတယ်။ ခင်ဗျား လုပ်ခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒီအတွက် အကြွေးတင်နေပါတယ်”လို့ပြောခဲ့ပါတယ်။

ချဲလ်ဆီး အသင်း ခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကလည်း “သူ့ကို ငါချစ်တယ်။ နည်းပြကောင်းနဲ့ လူကောင်း တစ်ယောက်ပါ”လို့ ကွန်းမန့် ရေးသားခဲ့ပါတယ်။ ဟာကီမီကလည်း နည်းပြ ကွန်တီကို ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။