Spots news

တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ တူချယ်ရဲ့ ချဲယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ အသင်းရဲ့တိုက်စစ်မှူးဟောင်း တစ်ယောက်ဖြစ်တဲ့ လူကာကူကို

ပြန်လည်ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတာကြောင့် လူကာကူကို ခေါ်ယူရာမှာ အသုံးစရိတ် ရှာဖို့အတွက် အသင်းရဲ့ ကစားသမား (၅)ယောက်လောက်ကို ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ် ကစားသမား လူကာကူဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူကာကူဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေပြီး အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆုကို ပိုင်ဆိုင်ထားသလို သွင်းဂိုးတွေလည်း

သွင်းယူနိုင် နေတာကြောင့် သူ့ကို အသင်းဟောင်း ချယ်လ်ဆီးဘက်ကနေ ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေပါတယ်။

ဒါပေမယ့် လက်ရှိမှာ သူတို့ရဲ့အသင်းသားဟောင်း လူကာကူရဲ့တန်ကြေးက ယူရိုသန်းတစ်ရာ လောက်အထိကို ရှိလို့နေတဲ့အတွက် ဒီလိုမြင့်မားလွန်းလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့အတွက် ချယ်လ်ဆီးဘက်ကနေ အသုံးစရိတ် ရှာဖွေတဲ့အနေနဲ့

အသင်းရဲ့ကစားသမားတွေ ဖြစ်တဲ့ ဂိုးသမားကီပါ တောင်ပံကစားသမား အိုဒွိုင်း တိုက်စစ်မှူး အေဘရာဟမ် တို့အပြင် အသင်းက အငှားချထားခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ လော့တပ်ချိဖ်နဲ့ ဘာကလေတို့အားလုံးကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ဒီကစားသမားတွေ အားလုံးဟာ ချယ်လ်ဆီးအသင်းမှာ အနာဂတ်မရေမရာ ဖြစ်လို့နေသူတွေဖြစ်ပြီး နည်းပြ သောမတ်စ်တူချယ်ရဲ့ လက်အောက်မှာပါ နေရာပျောက်ဆုံး နေသူတွေဖြစ်လို့ အသင်းနဲ့ လက်တွဲဖြုတ် သွားဖို့ နီးစပ်နေသူတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အင်တာမီလန်က သူတို့ရဲ့ အဓိက ကစားသမား လူကာကူကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိ ပေမယ့်လည်း လက်ရှိမှာ အသင်းက ဘဏ္ဍာရေး အခြေအနေတွေကြောင့်

ကစားသမား တချို့ကို ရောင်းချပြီး ငွေရှာရဖွယ် ရှိနေတဲ့ အပြင် ဒါကို လက်မခံနိုင်တဲ့ နည်းပြကွန်တီမှာလည်း မနေ့ကပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် အသင်း တစ်သင်းသင်း ကနေသာ လူကာကူကို ယူရိုသန်း(၁၀၀) ဝန်းကျင်လောက်နဲ့ ကမ်းလှမ်း လာခဲ့မယ်ဆိုရင် အင်တာဘက်ကလည်း ရောင်းချ သွားရနိုင်ပါတယ်။