Spots news

လာလီဂါအဆင့် ၇ က အသင်းကိုတော့နိုင်သင့်ပါတယ် လို့ဝေဖန်လိုက်တဲ့ ပေါစခိုးလ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေက ဘောလုံးသမားဘ၀ အနားယူချိန်မှာ ဘောလုံးသုံးသပ်သူတွေ အဖြစ် ကူးပြောင်းကြပေမယ့် သူတို့ ခန့်မှန်း ပြောဆိုချက်တွေက ပုဂ္ဂလိက ခံစားချက်တွေ ပါနေတာကြောင့် အသင်းဟောင်း အပေါ် မြှောက်ပင့်လွန်းရာ ကျနေလေ့ ရှိပါတယ်။

ဒီတစ်ပတ် ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်က ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ဟာ ဗီလာရီးရဲလ်ကို လျှော့တွက် ခန့်မှန်းပြောဆိုခဲ့တာတွေက အခုလို ယူနိုက်တက် ဆုဖလားလွဲသွားချိန်မှာ အရှက်ကွဲခဲ့ရကာ ပြောစရာ ဖြစ်လာနေပါတယ်။

ယူနိုက်တက်ဟာ ဗီလာရီးရဲလ်ကို ပုံမှန်ပွဲချိန်နဲ့ အချိန်ပိုတွေ အတွင်း သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ကာ အရေးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ထိုပွဲမတိုင်ခင်မှာ ပေါစခိုးလ်က – ” ယူနိုက်တက်က ဗီလာရီးရဲလ်နဲ့ ကစားရမှာ။ ဒီရာသီ အခြေအနေ တကယ်ကို ဆိုးနေတဲ့ လာလီဂါကမှ အဆင့် ၇ အသင်းနဲ့ ကစားရမှာ။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့တောင် ဘယ်လောက် တပ်ပျက်နေလည်း ကြည့်ကြဦး။ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကိုတော့ သက်တောင့်သက်သာကို နိုင်သင့်ပါတယ်။ ” လို့ BT Sport မှာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗီလာရီးရဲလ်နဲ့ ၁-၁ သရေကျပြီးနောက် ပင်နယ်တီ အဆုံး အဖြတ်မှာမှ ၁၁-၁၀ နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် လွဲချော်ခဲ့ရတဲ့ ပင်နယ်တီကလည်း ဂိုးသမား ဒီဂီယာ ကန်သွင်းခဲ့ရတာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေဟာင္းေတြက ေဘာလုံးသမားဘ၀ အနားယူခ်ိန္မွာ ေဘာလုံးသုံးသပ္သူေတြ အျဖစ္ ကူးေျပာင္းၾကေပမယ့္ သူတို႔ ခန႔္မွန္း ေျပာဆိုခ်က္ေတြက ပုဂၢလိက ခံစားခ်က္ေတြ ပါေနတာေၾကာင့္ အသင္းေဟာင္း အေပၚ ျမႇောက္ပင့္လြန္းရာ က်ေနေလ့ ရွိပါတယ္။

ဒီတစ္ပတ္ ယူရိုပါလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္က ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ဟာ ဗီလာရီးရဲလ္ကို ေလွ်ာ့တြက္ ခန႔္မွန္းေျပာဆိုခဲ့တာေတြက အခုလို ယူနိုက္တက္ ဆုဖလားလြဲသြားခ်ိန္မွာ အရွက္ကြဲခဲ့ရကာ ေျပာစရာ ျဖစ္လာေနပါတယ္။

ယူနိုက္တက္ဟာ ဗီလာရီးရဲလ္ကို ပုံမွန္ပြဲခ်ိန္နဲ႕ အခ်ိန္ပိုေတြ အတြင္း သေရက်ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ထိ ေရာက္ခဲ့ကာ အေရးနိမ့္သြားခဲ့ရတာ ျဖစ္ပါတယ္။

ထိုပြဲမတိုင္ခင္မွာ ေပါစခိုးလ္က – ” ယူနိုက္တက္က ဗီလာရီးရဲလ္နဲ႕ ကစားရမွာ။ ဒီရာသီ အေျခအေန တကယ္ကို ဆိုးေနတဲ့ လာလီဂါကမွ အဆင့္ ၇ အသင္းနဲ႕ ကစားရမွာ။

ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာတို႔ေတာင္ ဘယ္ေလာက္ တပ္ပ်က္ေနလည္း ၾကည့္ၾကဦး။ မန္ခ်က္စတာ ယူနိုက္တက္က ဒီပြဲကိုေတာ့ သက္ေတာင့္သက္သာကို နိုင္သင့္ပါတယ္။ ” လို႔ BT Sport မွာ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဗီလာရီးရဲလ္နဲ႕ ၁-၁ သေရက်ၿပီးေနာက္ ပင္နယ္တီ အဆုံး အျဖတ္မွာမွ ၁၁-၁၀ နဲ႕ ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။ ယူနိုက္တက္ လြဲေခ်ာ္ခဲ့ရတဲ့ ပင္နယ္တီကလည္း ဂိုးသမား ဒီဂီယာ ကန္သြင္းခဲ့ရတာပါ။