Spots news

တပည့်ဟောင်းကို အားပေးဖို့ ဥမင်ဝမှာ ရပ်စောင့်နေခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

Unicode Version

Gdansk မှာကစားခဲ့တဲ့ဖိုင်နယ်ပွဲစဉ်မှာ ၂၁ကြိမ်မြောက်ကန်သွင်းခဲ့တဲ့ ပင်နယ်တီဟာ ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ဒီဂီယာရဲ့ ကန်သွင်းမှုကို ရူလီက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဗီလာရီးရဲလ်ဟာ အသင်းရဲ့ သမိုင်းကြောင်းမှာ ပထမဆုံးဆုဖလားကို ရရှိသွားခဲ့တာဖြစ်ပြီး ယူနိုက်တက် အတွက်ကတော့ ၄ရာသီဆက်တိုက် ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတာပါ။

ဒီဂီယာဟာ တော်တော်လေးကို စိတ်ပျက်နေပြီး သူ့ရဲ့အသင်းဖော် တွေကလည်း ဒုတိယရရှိတဲ့ ဆုတံဆိပ်တွေကို ချွတ်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဝတ်လဲခန်း ဆီသို့သွားတဲ့

ဥမျှင်ရဲ့ထိပ်မှာတော့ ဒီဂီယာကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ဂိုးသမားကို ယူနိုက်တက် ထံသို့ ခေါ်ယူခဲ့တဲ့ အသင်းရဲ့ဂန္တဝင် နည်းပြကြီး ဖြစ်သူ ဖာဂူဆန်က စောင့်နေခဲ့ပါတယ်။

ဖာဂူဆန်ဟာ အသင်းကို အားပေးဖို့အတွက် Gdansk သို့ လိုက်ပါလာခဲ့တာဖြစ်ပြီး ပွဲအပြီးနောက်မှာတော့ ဥမင်ထိပ် မှာ ဒီဂီယာကို စောင့်နေခဲ့ပြီး နှစ်သိမ့်ပေးခဲ့ကာ ဥမင်ထဲသို့ အတူတူဝင်သွားခဲ့တာဖြစ်ပါတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

ဒီဂီယာရဲ့ မျက်နှာသုပ်ပါဝါထဲမှာ ဗီလာရီးရဲလ် ကစားသမားတွေ ကန်သွင်းတက်တဲ့ နေရာကို ရေးသားပေးခဲ့သော်လည်း စပိန်နိုင်ငံသားဂိုးသမားဟာ

ပြိုင်ဘက် ကစားသမားတွေ ကန်သွင်းခဲ့တဲ့ ပင်နယ်တီများကို မကာကွယ်နိုင်ခဲ့ကာ နိုင်ငံနှင့်ကလပ်အတွက် မကာကွယ်နိုင်ခဲ့တဲ့ ပင်နယ်တီက ၄၀ အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

အရန်ဂိုးသမားဖြစ်သူ ဟန်ဒါဆင်ကတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပင်နယ်တီ ၁၉ကြိမ်မှာ ၈ ကြိမ် အထိ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရှုံးနိမ့်ပြီးနောက်မှာတော့ ဆိုးလ်ရှားက “ကျွန်တော်တို့ရဲ့စိတ်ထဲမှာလည်း ဟန်ဒါဆင်ကို ပွဲအတွက် ပြင်ဆင်ပေးထား ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ဒီဂီယာကို ယုံကြည်ခဲ့ပြီး ပြင်ဆင်ပေးခဲ့ပါတယ်။ ပင်နယ်တီကန်တဲ့အချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဂိုးသမားရွေးချယ်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့လည်း အကျပ်ရိုက်ပါတယ်”လို့ ပြောပါတယ်။