Spots news

ကွန်တီကို တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းမယ့် တော့တင်ဟမ်

Unicode Version

တော့တင်ဟမ်အသင်းကတော့ နည်းပြနေရာ အတွက် အင်တာကနေထွက်ခွာသွားတဲ့ ကွန်တီကို တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းထားပြီး လန်ဒန်ကိုပြန်လာဖွယ်

ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီစီးရီးအေဆုဖလား ရယူထားပေမယ့် တနလာနေ့က သတင်းတွေရဲ့အဆိုအရ အသက် ၅၁ နှစ်သားဟာ အင်တာကနေ ထွက်ခွာ သွားခဲ့ပါတယ်။

ဒါပေမယ့် အီတလီသတင်းဌာတစ်ခုကတော့ ကွန်တီကို တော့တင်ဟမ် အနေနဲ့ မြင့်မားတဲ့ လစာအနေအထားနဲ့ကမ်းလှမ်းမှသာ ခေါ်ယူနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတန်းက အဆင့် ၇ နေရာမှာပဲ ဇာတ်သိမ်းခဲ့တဲ့ တော့တင်ဟမ်ဟာ လာမယ့်ရာသီသစ် အတွက် နည်းပြသစ် ခန့်အပ်လိုနေတာဖြစ်ပါတယ်။

ချဲလ်ဆီးကိုကိုင်တွယ်ခဲ့တုန်းက ပရီးမီးယားလိဂ်အတွေ့အကြုံရှိခဲ့သလို ရီးရဲလ်အသင်းကလည်း ဇီဒန်းနေရာအတွက် ချဉ်ကပ်နေပါတယ်။ ကွန်တီဟာ အင်တာကနေ

ထွက်ခွာဖို့သေချာနေတာကြောင့် အင်တာဘက်ကလည်း ကွန်တီနေရာအတွက် အင်ဇာဂီ နဲ့ အယ်လီဂရီတို့ကို ချိတ်ဆက်နေပါတယ်။

တော့တင်ဟမ်ဥက္ကဌ လီဗိုင်းကတော့ ဟယ်ရီကိန်းကိုအသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကွန်တီကို ခန့်အပ်ချင်နေတာဖြစ်ပါတယ်။ ၂၀၁၇ တုန်းက ကွန်တီဟာ ဟယ်ရီကိန်းနဲ့ပတ်သက်ပြီး

“ကျွန်တော့်အတွက်တော့ ကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ ကျွန်တော်သာ တိုက်စစ်မှူးတစ်ဦး ဝယ်မယ်ဆိုရင် သူ့ကိုပဲ ခေါ်မှာပါ။

သူကပြီးပြည့်စုံတဲ့တိုက်စ်မှူးတစ်ဦးပါ။ ရုပ်ပိုင်းဆိုင်ရာလည်း သန်မာတဲ့သူပါ။ ဘောလုံးနဲ့ကော ဘောလုံးမရှိရင်လည်း အကောင်းဆုံးကစားနိုင်စွမ်းရှိပါတယ်။ လေထဲမှာလည်း သန်မာတဲ့သူပါ။ ဘယ်ခြေကော

ညာခြေပါအားသန်တဲ့ကစားသမားပါ။ ကမ္ဘာပေါ်က ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူ့ရဲ့တန်ကြေးက အနည်းဆုံးပေါင်သန်း ၁၀၀ လောက်ရှိနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။