Spots news

ဆွန်‌ဟောင်မင်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်

Unicode Version

ဘိုင်ယန်အသင်းသည် စပါးစ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ခေါ်ယူလိုသည်။ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်သည်

စပါးစ်အသင်းတွင် ၆ နှစ်ကြာ ကစားခဲ့သော်လည်း ဘွန်ဒက်လီဂါသို့ ပြန်လာရန် စိတ်ဝင်စားနေသည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ဟယ်ရီကိန်းနှင့်အတူ စပါး်စအသင်း၏ အရေးအကြီးဆုံး ကစားသမားများအနက်မှ တစ်ဦးဖြစ်သည်။ ယခုနှစ်တွင် အသင်း၏တိုက်စစ်ကို

ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့သောကြောင့် ဘိုင်ယန်အပါအဝင် အသင်းကြီးများက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း စပါးစ်ကမူ ၎င်းကိုဆက်ထိန်းထားနိုင်မည်ဟု ယုံကြည်သည်။

ဆွန်ဟောင်မင်အနေဖြင့် ဘိုင်ယန်ကဲ့သို့ အသင်းကြီးတွင် စပါးစ်မှာကဲ့သို့ ခြေစွမ်းပြနိုင်မည်လား ဆိုသည်မှာ မသေချာသော်လည်း ဟယ်ရီကိန်း အသင်းပြောင်းခဲ့ပါက ၎င်းအနေဖြင့် အသင်းလိုက်ပြောင်းဖွယ်ရှိကြောင်း သတင်းများက ရေးသားဖော်ပြသည်။

တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်သည် ယခင်က ဟမ်းဘတ်နှင့် လေဗာကူဆင်တို့တွင် ကစားဖူးသောကြောင့် ဘွန်ဒက်လီဂါပြိုင်ပွဲအကြောင်း နားလည်သည့်

ကစားသမား တစ်ဦးဖြစ်ပြီး ဟယ်ရီကိန်း ကဲ့သို့ပင် ဆုဖလားများ ရရှိရေးဟူသော မက်လုံးဖြင့် ဘိုင်ယန်မြူးနစ် အသင်းက စည်းရုံးလို နေသည်။

ဘိုင်ယန်အနေဖြင့် သင့်လျော်သည့် ကမ်းလှမ်းမှုမျိုးဖြင့် ကမ်းလှမ်းလာပါက ဆွန်ဟောင်မင်၏ အပြောင်းအရွှေ့သည် အကောင်အထည် ပေါ်လာနိုင်သော်လည်း

စပါးစ်အသင်းအနေဖြင့် အဓိက ကစားသမား နှစ်ဦးဖြစ်သော ဟယ်ရီကိန်းနှင့် ဆွန်ဟောင်မင် နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း မဆုံးရှုံးရန် အပြင်းအထန် ကာကွယ်တားဆီးသွားဖွယ်ရှိသည်။