Spots news

နွေရာသီဈေးကွက် အတွက် ပထမဆုံး ခေါ်ယူမှုပြုလုပ်လိုက်တဲ့ လီဗာပူး

Unicode Version

လီဗာပူး အသင်းသည် လိုက်ပ်ဇစ်အသင်းမှ ကိုနာတေကို ခေါ်ယူရေးအတွက် ပုဂ္ဂိုလ်ရေးသဘော တူညီမှု ရရှိခဲ့ပြီဖြစ်သည်။ လီဗာပူးသည် ကိုနာတေအတွက် စာချုပ် ဖျက်သိမ်းကြေး

ပေါင် ၃၆ သန်း ပေးချေရန် သဘောတူညီခဲ့ခြင်းကြောင့် ကိုနာတေသည် မကြာမီ တရားဝင် လီဗာပူးကစားသမား ဖြစ်လာတော့မည် ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ကိုနာတေသည် အပြောင်းအရွှေ့ အဆုံးသတ်ရေး စာရွက် စာတမ်းကိစ္စများ ပြီးဆုံးပါက လာမည့် ၄၈ နာရီအတွင်းတွင် ကလော့ပ်၏ ယခုနှစ်နွေရာသီအတွက်

ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာတော့မည်ဖြစ်သည်။ လီဗာပူးသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဒဏ်ရာ ပြဿနာကြောင့် ခံစစ်ဖရိုဖရဲ ဖြစ်ခဲ့ရသဖြင့် ယခုကဲ့သို့ ကိုနာတေကို ခေါ်ယူအားဖြည့် ရခြင်းဖြစ်သည်။

အငှားဖြင့် ခေါ်ယူထားသော အိုဇန်ကာဘက်သည် ရှော်ကေး အသင်းသို့ ပြန်ရတော့မည်ဖြစ်သည်။ အိုဇန်ကာဘက် ကိုလည်း ပရီးမီးယားလိဂ်နှင့် ဘွန်ဒက်လီဂါ အသင်းအချို့က စိတ်ဝင်စားနေသည်။

တူရကီ လက်ရွေးစင် ကာဘက်သည် ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့တွင် လီဗာပူးသို့ အငှားဖြင့် လာရောက် ကစားခဲ့သော်လည်း ၎င်းကိုယ်တိုင် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ထင်သလောက် ခြေစွမ်း မပြနိုင်ခဲ့ချေ။

ကိုနာတေသည် လက်ရှိ အချိန်တွင် ပြင်သစ် ယူ-၂၁ အသင်းဖြင့် ဥရောပဖလား ပြိုင်ပွဲကစားရန် ရောက်ရှိနေသည်။ အသက် ၂၂ နှစ်အရွယ်ရှိ ကိုနာတေသည် လိုက်ပ်ဇစ် အသင်းအတွက် ပြီးခဲ့သည့် ဘောလုံးရာသီတွင်

၂၁ ပွဲ ပါဝင် ကစားခွင့် ရရှိခဲ့ သော်လည်း ၈ ပွဲသာ ပွဲအစမှ ပွဲထွက်ခွင့် ရခဲ့သည်။ ကိုနာတေသည် လိုက်ပ်ဇစ် အသင်းတွင် အူပါမီကာနိုနှင့် အော်ဘန်တို့၏ နောက်မှ တတိယ ဦးစားပေးအဖြစ် ကစားနေရသူဖြစ်သည်။