Spots news

အသင်းပြောင်းချင်လို့ သူငယ်ချင်းတွေကို ရင်ဖွင့်ထားတဲ့ စီရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုက ဒီနှစ်နွေဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့အကြောင်းကို သူ့ရဲ့ ဂျူဗင်တပ်စ် အသင်းဖော်တချို့ဆီ ဖွင့်ဟပြောဆိုထားကြောင်းသိရပါတယ်။

၂၀၁၈ ခုနှစ်တွင် တူရင်မြို့ကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းကို ရောက်ကတည်းက စီးရီးအေဖလားကို ပုံမှန်ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ချန်ပီယံဆုကို အင်တာမီလန်ဆီကို လွှဲပြောင်း ပေးခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ယခုနှစ်တွင် စီးရီးအေ ၂၉ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ ပေမယ့်လည်း အသင်းအောင်မြင်မှု မရရှိတာရယ်၊ အသင်းမှာ

နည်းပြ အပြောင်းအလဲတွေ ဖြစ်လာပြီးနောက်မှာ သူ့ရဲ့ပွဲထွက် ကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်လာမှာကိုလည်း မလိုလားတာကြောင့် ပါ တူရင်မြို့ကနေ ထွက်ခွာလိုတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်စ် အသင်းဟာ အသင်းနည်းပြ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီကို အသင်း နည်းပြအဖြစ် ပြန်လည် ခန့်အပ်ထား ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်းရှိပြီး၊ ဒိုလေးဟာ ဂျူဗင်တပ်စ်နှင့် ၃ နှစ် ကစားရာတွင် ပြိုင်ပွဲစုံ ၁၀၁ ဂိုးသွင်းကာ ၂၂ ဂိုး ဖန်တီးပေး ထားပါတယ်။

ဂျူဗင်တပ်စ် အသင်းကတော့ သူတို့ရဲ့ အဓိကကြယ်ပွင့် ကစားသမားကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထား ချင်နေပြီး အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ရှိနေစေချင်ပါတယ်။

ရော်နယ်ဒိုဟာ အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်နှင့် စပို့တင်း အသင်းများဆီကို ပြောင်းရွှေ့ရန်ရှိတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေပြီး အခြားအသင်း ဟောင်းတစ်သင်းဖြစ်တဲ့ စပိန်ကလပ် ရီးရဲလ် မက်ဒရစ်ကလည်း ၎င်းကို ပြန်ခေါ်လိုပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္ဒိုက ဒီႏွစ္ေႏြေဈးကြက္အတြင္းမွာ အသင္းကေန ထြက္ခြာခ်င္ေနတဲ့အေၾကာင္းကို သူ႕ရဲ႕ ဂ်ဴဗင္တပ္စ္ အသင္းေဖာ္တခ်ိဳ႕ဆီ ဖြင့္ဟေျပာဆိုထားေၾကာင္းသိရပါတယ္။

၂၀၁၈ ခုႏွစ္တြင္ တူရင္ၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေရာ္နယ္ဒိုဟာ အသင္းကို ေရာက္ကတည္းက စီးရီးေအဖလားကို ပုံမွန္ဆြတ္ခူးနိုင္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ ခ်န္ပီယံဆုကို အင္တာမီလန္ဆီကို လႊဲေျပာင္းေပးခဲ့ရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ေရာ္နယ္ဒိုဟာ ယခုႏွစ္တြင္ စီးရီးေအ ၂၉ ဂိုးသြင္းၿပီး ဂိုးသြင္းဘုရင္ဆုကို ရရွိခဲ့ေပမယ့္လည္း အသင္းေအာင္ျမင္မႈ မရရွိတာရယ္၊ အသင္းမွာ

နည္းျပအေျပာင္းအလဲေတြ ျဖစ္လာၿပီးေနာက္မွာ သူ႕ရဲ႕ပြဲထြက္ကစားခြင့္ေတြ အကန႔္အသတ္နဲ႕ ျဖစ္လာမွာကိုလည္း မလိုလားတာေၾကာင့္ ပါ တူရင္ၿမိဳ႕ကေန ထြက္ခြာလိုတာျဖစ္ပါတယ္။

လက္ရွိမွာ ဂ်ဴဗင္တပ္စ္အသင္းဟာ အသင္းနည္းျပ ပီယာလိုကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး အသင္းရဲ႕နည္းျပေဟာင္း အယ္လီဂရီကို အသင္းနည္းျပအျဖစ္ ျပန္လည္ခန႔္အပ္ထား ပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္သက္တမ္းရွိၿပီး၊ ဒိုေလးဟာ ဂ်ဴဗင္တပ္စ္ႏွင့္ ၃ ႏွစ္ကစားရာတြင္ ၿပိဳင္ပြဲစုံ ၁၀၁ ဂိုးသြင္းကာ ၂၂ ဂိုးဖန္တီးေပးထားပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ သူတို႔ရဲ႕ အဓိကၾကယ္ပြင့္ကစားသမားကို အသင္းမွာသာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနၿပီး အသင္းမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္ထိ ရွိေနေစခ်င္ပါတယ္။

ေရာ္နယ္ဒိုဟာ အသင္းေဟာင္းျဖစ္တဲ့ ယူနိုက္တက္ႏွင့္ စပို႔တင္းအသင္းမ်ားဆီကို ေျပာင္းေ႐ႊ႕ရန္ရွိတယ္ဆိုၿပီး သတင္းမ်ားထြက္ေပၚေနၿပီး အျခားအသင္းေဟာင္းတစ္သင္းျဖစ္တဲ့ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္ကလည္း ၎ကိုျပန္ေခၚလိုပါတယ္။