Spots news

ချယ်လ်ဆီးအသင်းမှာ ပြန်ကစားဖို့က သူ့ရဲ့အိမ်မက်ပါလို့ ပြောလာတဲ့ အော်စကာ

Unicode Version

ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း အသင်းဆီကို ပြန်လာဖို့ ဆန္ဒရှိနေတဲ့ ကစားသမား တွေထဲမှာ

အီဒင်ဟာဇက် ဝီလီယံတို့ ပါဝင်နေသလို နောက်ထပ် ကစားသမားတစ်ယောက်ပါ ထပ်တိုးလာခဲ့ရပါတယ်။

သူကတော့ ဘရာဇီးကွင်းလယ်ကစားသမား အော်စကာပါ။ တရုတ်စူပါလိဂ်ဆီကို ရောက်ရှိသွားခဲ့ရတဲ့ အော်စကာက တချိန်ချိန်မှာ

သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီမှာ ပြန်လည် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။

အသက်(၂၉)နှစ် အရွယ်ရှိ ဘရာဇီး လက်ရွေးစင်ဟောင်း အော်စကာဟာ ၂၀၁၂ခုနှစ်ကတည်းက ချယ်လ်ဆီး အသင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး အသင်းမှာ (၄)နှစ်ခွဲ နီးပါးလောက်

ပါဝင်ကစားခဲ့ပြီးမှ ၂၀၁ရခုနှစ်မှာပဲ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ (ယခု ရှန်ဟိုင်းပေါ့တ်) အသင်းဆီကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ်။

တရုတ် စူပါလိဂ်မှာ (၄)နှစ်နီးပါး လောက်အထိ ကျင်လည်ခဲ့တဲ့ အော်စကာဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ် ခင်မှာပဲ သူရဲ့အသင်းဟောင်း

ချယ်လ်ဆီးမှာ ပြန်လည် ပါဝင်ကစားလို  နေကြောင်းနဲ့ အသင်းနဲ့ အောင်မြင်မှုတွေကို ပြန်လည် ရယူလိုကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

Goal ကနေ အော်စကာကို ဥရောပချန်ပီယံဆုဖလားနဲ့ ပတ်သက်ပြီး မေးမြန်းလာခဲ့ရာ အော်စကာက “ချန်ပီယံလိဂ် အိမ်မက်ကတော့ သေချာပေါက်ကို

ရှိနေပါတယ်။ ဒါပေမယ့် ပထမဆုံး အနေနဲ့ ဥရောပထိပ်တန်း ကလပ်အသင်းကြီး တစ်ခုစီကို ပြန်လာဖို့ စဉ်းစားရပါဦးမယ်။

ကျွန်တော့်ဆီမှာ အဲ့ဒီလို ပြန်လာနိုင်ဖို့ အခွင့်အလမ်း အချို့လည်း ရှိနေလိမ့်မယ်လို့ ထင်မိပါတယ်။ ကျွန်တော်ဒီမှာ ကစားနေသလို ကစားနိုင် လိမ့်မယ်လို့လည်း မျှော်လင့်မိတယ်။

ဒါကြောင့်လည်း ကျွန်တော့်အတွက် အခွင့်အရေးတွေသာ ရောက်လာခဲ့ မယ်ဆိုရင် ကျွန်တော်ဒီအခွင့်အရေးတွေ အကောင်းဆုံး အသုံးချသွားမှာပါ။

ကျွန်တော်က ချယ်လ်ဆီး အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိလို့လည်း နေပါတယ်။ ကျွန်တော် ဒီအသင်းပေါ်မှာ သံယောဇဉ်ရှိပါတယ်။ အသင်းကိုလည်း အဝေးကနေ လှမ်းအားပေး နေတဲ့သူတစ်ယောက်ပါ။

အသင်းနဲ့ စာချုပ် သက်တမ်းသာ ကုန်ဆုံးသွားခဲ့မယ်ဆိုရင် ကျွန်တော်ပြောင်းရွှေ့မယ့် အသင်းကို နှလုံးသား နဲ့ပါ ရွေးချယ်သွားပါမယ်” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။