Spots news

မန်စီးတီးရောင်းချဖွယ် ရှိနေတဲ့ စတာလင်နဲ့ မာရက်ဇ်ကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား

Unicode Version

ရာဟင် စတာလင်ဟာ ယခုနှစ်နွေရာသီ မန်စီးတီးအသင်းရဲ့ အရောင်းစာရင်းထဲ အံ့အားသင့်ဖွယ် ပါဝင်လာကြောင်း သိရပါတယ်။ မန်စီးတီးဟာ ယနေ့ည ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးမှာ အသင်းကို ပြုပြင်တည်ဆောက်မှုတွေ ပြန်လည် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အင်္ဂလန်သားဟာ ရာသီကုန်မှာ စီးတီးအသင်း လူစာရင်းကနေ နေရာပျောက်နေခဲ့ပြီး Daily Mailရဲ့ ဖော်ပြချက်အရ အသင်းအနေနဲ့ ၂၆နှစ်သားအတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် လက်ခံစဉ်းစားဖို့ ရှိနေကြောင်း သိရပါတယ်။

မန်စီးတီးကနေ ထွက်ခွာသွားနိုင်တာ စတာလင် တစ်ဦးတည်းတင် မဟုတ်ဘဲ တောင်ပံကစားသမား မာရက်ဇ်ကိုလည်း ရောင်းချကာ ပြောင်းရွှေ့ကြေး ရှာလာနိုင်ပါတယ်။

မာရက်ဇ်ဟာ ယခုအပတ်တွေအတွင်း တောက်လျောက် ခြေစွမ်းပြနေကာ ပီအက်စ်ဂျီနဲ့ ပွဲစဉ်၂ပွဲစလုံးမှာလည်း ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ထိုက်တန်တဲ့ ကမ်းလှမ်းမှု ပေါ်လာရင်တော့ မန်စီးတီးက လက်ခံစဉ်းစားဖို့ ရှိနေသလို အခြား ထွက်ခွာနိုင်တဲ့ ကစားသမားအဖြစ် ဂါဘရီရယ် ဂျီးဆပ်စ်နဲ့ လာပေါ်တေးတို့လည်း ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ စတာလင်နဲ့ မာရက်ဇ်တို့ကို စိတ်ဝင်စားနေပြီး နည်းပြ အာတီတာကလည်း ဂွါဒီယိုလာရဲ့ တပည့်ဖြစ်နေပေမဲ့ ဥရောပဝင်ခွင့် မရတဲ့ အနေအထားမှာ ဘဏ္ဍာရေး အခြေအနေ ဘယ်လို အသုံးပြုမယ်ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စတာလင်ကို ကာလရှည် စိတ်ဝင်စားနေပြီး မန်စီးတီးအနေနဲ့ ဂရီးလစ်ချ်ကို ပေါင် သန်း၁၀၀နဲ့ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး စုဆောင်းရန် လိုအပ်နေပါတယ်။

မန်စီးတီးတို့ ကိန်းနဲ့ ဂရီးလစ်ချ်ကို ခေါ်ယူဖို့ အသင်းရှိ ကစားသမားကို ရောင်းချလိုနေတာ မှန်ပေမဲ့ စတာလင် ပါလာတာကတော့ အံ့အားသင့်စရာ ဖြစ်နေခဲ့ပါတယ်။