Spots news

ရီးရဲလ်ရဲ့ ဂျာစီအဖြူကိုဝတ်ဖို့ မစောင့်‌နိုင်တော့ကြောင်း ကစားသမားသစ် အလာဘာပြော

Unicode Version

ဒေးဗစ် အလာဘာက အသင်းသစ် ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံးပွဲစဉ် ကစားဖို့ မစောင့်နိုင်တော့ကြောင်း ယမန်နေ့ မက်ဒရစ် ကစားသမားအဖြစ် အတည်ပြုခဲ့ပြီးနောက် ပြောခဲ့ပါတယ်။

ဇန်နဝါရီလကတည်းက ရီးရဲလ်ကို ပြောင်းလာဖို့ သဘောတူထားတဲ့ အလာဘာဟာ နည်းပြ ဇီဒန်း ထွက်သွားအပြီး ယမန်နေ့ညက မက်ဒရစ် ကစားသမားအဖြစ် တရားဝင် အတည်ပြုခဲ့ပါတယ်။

အလာဘာက “ကျွန်တော် စပါယ်ရှယ် ကလပ်တစ်ခုကနေ ထွက်ခွာပြီး နောက်တစ်ခုကို ပြောင်းတာပါ။ ရီးရဲလ် မက်ဒရစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတဲ့အတွက် အရမ်း ပျော်နေပါတယ်။

မြူးနစ်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးနောက် ကျွန်တော် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက် ဒီစပါယ်ရှယ် အသင်းမှာ သမိုင်းသစ်တစ်ခု အတွက် အလုပ်လုပ် သွားပါမယ်”

“ဒီ ဂန္တဝင်အဖြူရောင် ဝတ်စုံကို ပရိသတ်အားလုံးရှေ့ ဝတ်ဆင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီ အတွေ့အကြုံက အောင်မြင်မှု အပြည့်အ၀ ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယခုအချိန် မှာတော့ အလာဘာ ဟာ သြစတီးယားအသင်းနဲ့ ယူရို၂၀၂၀ ဖလား ယှဉ်ပြိုင်ဖို့ အတွက် လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိနေ ပါတယ်။

Zawgyi Version

ေဒးဗစ္ အလာဘာက အသင္းသစ္ ရီးရဲလ္မက္ဒရစ္နဲ႕ ပထမဆုံးပြဲစဥ္ ကစားဖို႔ မေစာင့္နိုင္ေတာ့ေၾကာင္း ယမန္ေန႕ မက္ဒရစ္ ကစားသမားအျဖစ္ အတည္ျပဳခဲ့ၿပီးေနာက္ ေျပာခဲ့ပါတယ္။

ဇန္နဝါရီလကတည္းက ရီးရဲလ္ကို ေျပာင္းလာဖို႔ သေဘာတူထားတဲ့ အလာဘာဟာ နည္းျပ ဇီဒန္း ထြက္သြားအၿပီး ယမန္ေန႕ညက မက္ဒရစ္ ကစားသမားအျဖစ္ တရားဝင္ အတည္ျပဳခဲ့ပါတယ္။

အလာဘာက “ကြၽန္ေတာ္ စပါယ္ရွယ္ ကလပ္တစ္ခုကေန ထြက္ခြာၿပီး ေနာက္တစ္ခုကို ေျပာင္းတာပါ။ ရီးရဲလ္မက္ဒရစ္ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ရတဲ့အတြက္ အရမ္း ေပ်ာ္ေနပါတယ္။

ျမဴးနစ္မွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ၿပီးေနာက္ ကြၽန္ေတာ္ စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္ဖို႔အတြက္ ဒီစပါယ္ရွယ္အသင္းမွာ သမိုင္းသစ္တစ္ခုအတြက္ အလုပ္လုပ္သြားပါမယ္”

“ဒီ ဂႏၲဝင္အျဖဴေရာင္ ဝတ္စုံကို ပရိသတ္အားလုံးေရွ႕ ဝတ္ဆင္ဖို႔ မေစာင့္နိုင္ေတာ့ပါဘူး။ ဒီ အေတြ႕အႀကဳံက ေအာင္ျမင္မႈ အျပည့္အ၀ ရယူနိုင္မယ္လို႔ ယုံၾကည္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ အလာဘာဟာ ၾသစတီးယားအသင္းနဲ႕ ယူရို၂၀၂၀ ဖလား ယွဥ္ၿပိဳင္ဖို႔အတြက္ ေလ့က်င့္မႈေတြ ျပဳလုပ္လ်က္ ရွိေနပါတယ္။