Spots news

“နိုင်လဲ ယူနိုက်တက် ၊ရှုံးလဲ ယူနိုက်တက် ပါပဲ”ဆိုပြီး နှစ်သိမ့်လိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ ဗိုလ်စွဲဖို့ ရေပန်းစား ခဲ့ပေမယ့် ထိုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် နောက်ဆုံး တစ်လုံးကျမှ လွဲချော်ကာ ဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ရှုံးပွဲက ယူနိုက်တက် အသင်းသား တွေအတွက် အထိနာ လွန်းတာကြောင့် ဘရူနို ဖာနန်ဒက်စ်က ဆိုရှယ်မီဒီယာ မှာ ပို့စ် တစ်ခုတင်ပြီး မနေ့က နှစ်သိမ့် အားပေး လိုက်ပါတယ်။

” ကျနော်တို့က နိုင်ရင်လည်း အတူတူ၊ ရှုံးရင်လည်း အတူတူပါပဲ။ တစ်ယောက်ယောက် ကျရှုံးတာ ဆိုရင် ကျနော်တို့ အားလုံး ကျရှုံးတာပဲ ဖြစ်ပြီး တစ်ယောက် ဂိုးသွင်းရင် ဒါက အားလုံး ဂိုးသွင်းလိုက်တာပဲ။

တစ်ယောက် ယောက်က ဂိုးဖမ်းလိုက်တယ် ဆိုရင် ဒါ ကျနော်တို့ အားလုံး ကာကွယ် လိုက်တာပဲ။ အားလုံးက အမြဲ ယူနိုက်တက်ပဲ။ ” လို့ အဓိပ္ပါယ် ပါပါနဲ့ ဖာနန်ဒက်စ်က တွစ်တာမှာ ရေးသား ထားပါတယ်။

ဖာနန်ဒက်စ်ဟာ ဗိုလ်လုပွဲ အပြီးတုန်းကတော့ တော်တော် ကြေကွဲနေဟန် ရှိပြီး နှစ်သိမ့် အားပေးလို့ကို မရ ဖြစ်ခဲ့တာပါ။ ခုချိန်မှာတော့ ပြန်တည်ငြိမ် လာပုံရပြီး အသင်း ခေါင်းဆောင် ပီသစွာ အားပေးလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမားဟာ ပွဲ အပြီးမှာ မျက်ရည်တွေ ကျနေခဲ့ပြီး ယူရိုပါလိဂ် ဒုတိယ ဆုတံဆိပ်ကို လက်ခံယူအပြီးမှာ ချက်ချင်းပဲ ပြန်ဖယ်ထုတ် လိုက်တာလည်း တွေ့ခဲ့ရပါတယ်။