Spots news

ဗိုလ်လုပွဲမှာ ဒီဂီယာလိုမဖြစ်ဖို့ ပင်နယ်တီကျင့်နေတဲ့ မန်စီးတီးဂိုးသမား အီဒါဆန်

Unicode Version

ဒီနေ့ညမှာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး အသင်းတို့ရဲ့ ပေါ်တူဂီမြေမှ အားပြိုင်မှုကို ရင်ခုန်စွာနဲ့ ကြည့်ကြရပါမယ်။

မကြာခင် ရက်ပိုင်းတုန်းက ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားခဲ့ပြီး ၊ အဲဒီပွဲမှာ ယူနိုက်တက် အသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ဟာ သာမန် ပွဲချိန် မိနစ် ၁၂၀ အတွင်း တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ထွက်ခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ၊ ဗီလာရီးရဲလ် က ဗိုလ်စွဲ သွားခဲ့ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီကို ဂိုးသမားတွေ တက်ကန်ရာမှာ ဗီလာရီးရဲလ် ဂိုးသမား ရူလီ ကန်ချက်က ဂိုးဝင်ခဲ့ပြီး ယူနိုက်တက် ဂိုးသမား ဒီဂီယာရဲ့ ကန်ချက်ကိုတော့ ရူလီ ဖမ်းမိခဲ့ပါတယ်။ ဒါကြောင့် အီဒါဆန်က ဒီဂီယာလို မဖြစ်ဖို့ အသားကုန် ကြိုးစားထားပါတယ်။

သတင်းအရ ဘရာဇီးသားဟာ ထရိန်နင်မှာ ပင်နယ်တီ ၁၁ လုံး ကန်ခဲ့ရာ ၁၀ လုံးက ဂိုးဝင်ခဲ့တာကြောင့် အောင်မြင်မှုနှုန်း ၉၁% ရှိနေပါတယ်။

ထရိန်နင်မှာ အီဒါဆန်က ဂိုးပေါက်ကို ဘယ်၊ ညာ ကန်ချက်တွေ အပြင် ပြင်းအား ကောင်းကောင်း ကန်ချက်တွေနဲ့ တည့် ကန်တာတွေပါ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်လုပွဲမတိုင်ခင် အီဒါဆန်က ”ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ တကယ်လို့ ပင်နယ်တီ ကန်ကြတဲ့အခါ (၅)လုံးမြောက် ပင်နယ်တီကို ကျွန်တော်ကန်သွင်း ချင်ပါတယ်။ ဆုံးဖြတ်ချက် ချနိုင်တဲ့သူဆီ က ကျွန်တော် ပင်နယ်တီ ကန်သွင်းခွင့်တောင်းမယ်။”ဆိုပြီး ပြောထားဖူးပါတယ်။