Spots news

စတာလင်း နဲ့ မာရက်ဇ်ကို နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားသွားမယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ စတာလင်းနဲ့ မာရက်ဇ်တို့ နှစ်ဦးကို

ယခု နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်အသင်းဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တသင်း ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဥရောပ ဝင်ခွင့် ဖြစ်တဲ့

ထိပ်ဆုံးအသင်း ၇သင်း စာရင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိတာကြောင့် နွေရာသီမှာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail ကတော့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ တောင်ပံတွေကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး

မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ မာရက်ဇ်တို့ဟာ သူတို့ရဲ့ ထိပ်သီး နွေရာသီ ပစ်မှတ်တွေ ဖြစ်ကြောင်း ဆိုပါတယ်။

အာဆင်နယ်အသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အဓိကထား ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် စတာလင်းဟာ လက်ရှိမှာ ယူရို ၉၀သန်း အထိ တန်ကြေး ရှိနေတဲ့ ကစားသမား ဖြစ်ပြီး အာဆင်နယ်အသင်း အနေနဲ့ သူ့ကို ခေါ်ယူချင်ပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းခန့် အသုံးပြုရနိုင်ပါတယ်။

အသက် ၃၀အရွယ် အယ်ဂျီးရီးယား တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ကတော့ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်ပြီး မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ပေါင် ၄၀သန်းခန့် ဖြစ်နိုင်ပါတယ်။