Spots news

ကွန်တီကို ရီးရဲလ်မက်ဒရစ်နည်းပြသစ်ခန့်အပ်ဖို့ တာဝန်ရှိသူတွေ ကြိုးစားနေ

Unicode Version

မကြာခင်ကမှ နည်းပြ ဇီဒန်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ စပိန် အင်အားကြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်း ကနေ

နုတ်ထွက်ထားတဲ့ အီတလီလူမျိုး နည်းပြ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလား တလုံးမှ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂၀၁၁ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဖလားလက်မဲ့ ဘောလုံးရာသီတခုကို

ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းအတွက် ချန်ပီယံလိဂ် ဆုဖလား ၃ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့ ဇီဒန်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီ နာမည်ကြီး နည်းပြဖြစ်သူ ကွန်တီကတော့ လက်ရှိ ကမ္ဘာ့ထိပ်တန်း နည်းပြတွေထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုအား

ပြန်လည် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ချယ်လ်ဆီးအသင်း ၊ ဂျူဗင်တပ်အသင်းတို့ကို ကိုင်တွယ်စဉ်က သူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် မျက်စိကျစရာကောင်းတဲ့ အချက်တွေပါ။

စပိန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ကွန်တီကို ခန့်အပ်နိုင်အောင် လျင်လျင်မြန်မြန် ကြိုးစားနေပြီး ကွန်တီရဲ့ အေးဂျင့်တွေနဲ့ပါ တွေ့ဆုံနေကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း ကွန်တီဟာ အင်တာမီလန်အသင်း ကနေ ထွက်ခွာပြီးနောက် ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတသင်းကို ကိုင်တွယ်ချင်နေပြီး

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ကွန်တီ ကိုင်တွယ်ချင်နေတဲ့ အသင်းတွေ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ကွန်တီလို စိတ်ဓာတ်ပိုင်း ပြင်းထန်တဲ့ နည်းပြကောင်း တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေသလို ကွန်တီဘက်ကလည်း

ရီးရဲလ်မက်ဒရစ် အသင်းလို ထိပ်တန်းအသင်း တသင်းကို နည်းပြဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာ ကွန်တီကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။