Spots news

မြန်မာပြည်သူတွေအတွက် ရပ်တည်ခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်

Unicode Version

ပြီးခဲ့တဲ့လက မြန်မာပြည်သူတွေအတွက် ဆုတောင်းစကားဆိုခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ Play- Off ဗိုလ်လုပွဲမှာ ဆွမ်ဆီးအသင်းကို ၂ဂိုးပြတ်အနိုင် ရရှိပြီး ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကို တန်းဆက်လာနိုင်ခဲ့ပါပြီ။

ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗြိတိန်ကျန်းမားရေးဝန်ကြီးငှာနက သတ်မှတ်ပေးထားတဲ့ ပရိသတ် အရေအတွက် ပမာဏအတိုင်း နှစ်ဖက်အသင်းပရီသတ်တွေ တက်ရောက်အားပေးကြည့်ရှုနိုင်ခဲ့ကြပါတယ်။

ဒီရာသီရဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့လုံးမှာ ဘရန်ဖိုဒ့် နဲ့ ‌ဆွမ်ဆီး အသင်းတို့ဟာ တစ်ဖက် ၁ဂိုးစီ သရေရလဒ်နဲ့ အ‌ဆုံးသတ်ခဲ့ကြပါတယ်။ ဘရန်ဖိုဒ့် အသင်းဟာ ဒီပွဲမှာ ၃-၄-၁-၂ ပုံစံ ခင်းကျင်းခဲ့ပြီး

ရှေ့တန်းတိုက်စစ်မှာ တိုနေးနဲ့ အမ်ဘီအူမို တို့ကို အထောင်ထားပြီး ပွဲထွက်ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းက ၃-၁-၄-၂ အခင်းအကျင်းမှာ အန်ဒရေအယူး၊ လိုဝီ၊ဟော်ရီဟိန်း တို့နဲ့ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။

ဘရန်ဖိုဒ့်အသင်းဟာ ပွဲအစကတည်းက ‌ဆွမ်ဆီး အသင်းဘက်ကို ဖိအားပေးကစားခဲ့ပြီး စောစောစီးစီးဖြစ်တဲ့ ပွဲချိန် ၉မိနစ် မှာပဲ အိုင်ဗန်တိုနေးက ပင်နယ်တီကနေ

ဦးဆောင်ဂိုးသွင်းယူလိုက်ပါတယ်။ ဘရန်ဖိုဒ့်ကပဲ ပွဲကို ဆက်လက် ဖိကစားပြီး နောက်ထပ် ၁၀မိနစ်အကြာ ပွဲချိန်၁၉မိနစ် မှာ မာကွန်ဒတ်စ်က ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။

ခြေသာပြီး ဖိကစားနေတဲ့ ဘရန့်ဖို့ဒ်ဟာ နောက် ၁ဂိုး ရဖို့ ထပ်နီးစပ်ခဲ့ပြီး အိုင်ဗန်တိုနေးရဲ့ ဧရိယာအပြင်က ကန်ချက်ကောင်းပေးမယ့် အပေါ်တိုင်ကို ထိပီး ပြန်ကန်ထွက်တာကြောင့်

နစ်နာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဆွမ်ဆီး အသင်းက အနည်းငယ်ပြန်ဖိကစားခဲ့ပြီး ဘရန်ဖိုဒ့် အသင်းက တန်ပြန်တိုက်စစ်နဲ့သာ ထိန်းကစားသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆွမ်ဆီးအသင်းက ချေပဂိုးတွေရဖို့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၆၅မိနစ် မှာ ဖူလ်တန် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့်

တိုက်ရိုတ်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁ယောက်လျော့သွားပြီး၂ဂိုးလည်း ရှုံးနေတဲ့ ဆွမ်ဆီးတို့ချေပဂိုးရဖို့ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။

ဒီအနိုင်ပွဲကြောင့် ဘရန့်ဖိူ့ဒ်ဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း(၇၄)နှစ်အကြာမှ ပထမဆုံးအကြိမ် ထိပ်တန်းလိဂ်ပြိုင်ပွဲ တစ်ခုကို ယှဉ်ပြိုင်ခွင့်ရရှလာခဲ့တာဖြစ်ပြီး မနှစ်က ဖူလ်ဟမ်ကို ၁-၂နဲ့ ရှုံးနိမ့်ပြီး လွဲချော်ခဲ့တာကို ဒီနှစ် အကောင်းဆုံး ချေဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။