Spots news

ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှ ကစားသမားတို့ အပိုဆုကြေးများပြားစွာ ရရှိမည်

Unicode Version

ချဲလ်ဆီး ကစားသမားများဟာ မန်စီးတီးကိုအနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အပိုဆုကြေးငွေ ပေါင်၁၀သန်း အထိရရှိခဲ့ကြောင်း သိရပါတယ်။

သောမတ်စ်တူချယ် ဦးဆောင်တဲ့ ချဲလ်ဆီးဟာပေါ်တိုတွင် ကစားတဲ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မှာကိုင်ဟာဗတ်ဇ် သွင်းယူတဲ့ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် ပရီးမီးယားလိဂ် ချန်ပီယံကို အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားများဟာယခုလအစောပိုင်းတုန်းကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ပြီးနောက်အပိုဆုကြေးငွေပေါင်၅သန်းရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားများဟာရာသီမစတင်မီကတည်းကဆုကြေးငွေနှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ယခုအခါ၎င်းတို့ဟာပရီးမီးယားလိဂ်ချန်ပီယံအားအနိုင်ယူကာဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားများဟာအက်ဖ်အေဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်မှုအတွက်လည်းဆုကြေးငွေရရှိခဲ့ကြပြီးဖြစ်ပါတယ်။

Zawgyi Version


သောမတ်စ်တူချယ်ဦးဆောင်တဲ့ချဲလ်ဆီးဟာပေါ်တိုတွင်ကစားတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကိုင်ဟာဗတ်ဇ်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ပရီးမီးယားလိဂ်ချန်ပီယံကိုအနိုင်ရရှိခဲ့ပါတယ်။


