Spots news

အသက်ကြီးပေမယ့် မပျက်ဆီးသေးပဲ ပရီးမီးယားလိဂ်က ဆုတွေယူဆဲ ကာဗာနီ

Unicode Version

အသက်ကြီး ပေမယ့်မပျက်စီးသေးတဲ့ ဘောလုံးသမားထဲမှာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ပိုင်ရှင် ကာဗာနီလည်း ပါပါတယ်။ ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံရပေမယ့်လည်း ယူနိုက်တက်အတွက် ဂိုးတွေ သွင်းပေးနိုင်ဆဲပါ။

မေလအတွက် ပရီမီးယားလိဂ်တစ်လတာအကောင်းဆုံးသွင်းဂိုးဆုအဖြစ် ယူနိုက်တက် (၁-၁) ဖူလ်ဟမ်ပွဲတွင်ကိုက် (၄၀)အကွာကနေ ဂိုး သွင်းယူခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီရဲ့ သွင်းဂိုးက သတ်မှတ်ခံခဲ့ရပါတယ်။

ကာဗာနီဟာ အဲဒီပွဲစဉ်တွင် ပွဲချိန် (၁၅)မိနစ်မှာ ဂိုးသမားဒီဂီယာ က ကန်တင်ပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ချပေးရာကနေတစ်ဆင့် ရှေ့ထွက်နေတဲ့ ဖူလ်ဟမ်ဂိုးသမားအာရီယိုလာကိုကျော်ဖြတ်ကာ ကိုက် (၄၀)အကွာကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကာဗာနီဟာ ယူနိုက်တက်ရဲ့ (2020-21) ရာသီအတွက် ဂိုး အများဆုံးသွင်းယူထားတဲ့ ကစားသမားသုံးဦးထဲမှာလည်းပါပါတယ်။ ဖာနန်ဒက်စ်က -(28)ဂိုး၊ ရပ်ရ်ှဖို့ဒ်က -(21)ဂိုး၊ ကာဗာနီက -(17)ဂိုး ဖြစ်ပါတယ်။

ယူနိုက်တက်ကနေ ပေးအပ်မယ့် မေလ တစ်လတာ အကောင်းဆုံး ကစားသမားဆုbအတွက် ဆန်ခါတင် စာရင်းမှာလည်း တိုက်စစ်မှူး ကာဗာနီ ပါဝင်ထား ပါတယ်။

တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နှင့်ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ယူရိုပါလိဂ်သမိုင်းတစ်လျှောက် ဖိုင်နယ်ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့တဲ့အသက်ကြီးဆုံး ကစားသမားအဖြစ် ပထမဆုံး မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ထားတဲ့ ကာဗာနီ တစ်ယောက် ရာသီ သစ်မှာလည်း အသင်းအတွက် ခြေစွမ်းကောင်းတွေ ပိုမို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။