Spots news

နွေရာသီဈေးကွက်အတွက် နောက်ခံလူ ကူလီဘလီ ကို မန်ယူနိုက်တက် ပစ်မှတ်ထားနေ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ လုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ တုန်းက ကူလီဘလီကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နာပိုလီအသင်းက သူတို့ကစားသမား အတွက် ပေါင်သန်း(၁၀၀)အထိ အလိုရှိနေတာကြောင့် အဆင်မပြေခဲ့ပါဘူး။

ဆီနီဂေါနောက်ခံလူ ကူလီဘလီဟာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေ ထဲမှာတစ်ဦး အပါအဝင်ဖြစ်ပြီး သူ့ကို ယူနိုက်တက်အသင်းအပြင် ဥရောပထိပ်သီး အသင်းတွေက ခေါ်ယူလို နေကြတာဖြစ်ပါတယ်။

နာပိုလီအသင်း အနေနဲ့ အရင်တုန်းက ကူလီဘလီအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အခြေအနေချင်းမတူတော့ဘဲ ကိုဗစ်ရောဂါဆိုးကြောင့်

အသင်းဘဏ္ဍာရေး အပေါ် ထိခိုက်မှုရှိလာတဲ့အတွက် ကူလီဘလီအပါအဝင် အဓိက ကစားသမားတချို့ကို ရောင်းရချရဖို့ရှိနေပါပြီ။

အဲဒါကြောင့် ဥရောပထိပ်သီး အသင်းတွေဟာ ကူလီဘလီကို ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်း သန်း(၅၀) အကြားသုံးစွဲရင် ခေါ်ယူနိုင်မယ့်

အနေအထားရှိနေပြီး တကယ်လို့ နာပိုလီနဲ့ကူလီဘလီ လမ်းခွဲဖြစ်ခဲ့ရင် ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်နေပါတယ်။