Celebrity

ဆိုင်ကယ်ပေါ်တခြားကောင်မလေးတွေ တင်စီးသည်ဟု ချစ်သူကစွပ်စွဲသောကြောင့် ဆိုယ်ကယ်ကို နောက်မှစီးမရအောင်လုပ်ပြီး ချစ်သူကို ရှေ့ဂွခြားမှ စီးခိုင်းခဲ့သူ

ဆိုင်ကယ်ပေါ်တခြားကောင်မလေးတွေ တင်စီးသည်ဟု ချစ်သူကစွပ်စွဲသောကြောင့် ဆိုယ်ကယ်ကို နောက်မှစီးမရအောင်လုပ်ပြီး ချစ်သူကို ရှေ့ဂွခြားမှ စီးခိုင်းခဲ့သူ


ချစ်သူရည်းစားထားဖူးသည့်လူတိုင်း အချစ်ကလေး၏ အူတိုကာ စိတ်မချဖြစ်ခံရသော အချိန်ကာလလေးကို ကြုံဖူးကြမှာဖြစ်ပါတယ်။ကိုယ်အမှန်တကယ်ချစ်မြတ်နိုးသောကြောင့် အရာရာစိတ်ပူပြီး အူတိုနေသည့်ချစ်သူကို တစ်ခါတစ်လေ စိတ်ပျက်မိကြမှာပါ။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ချစ်သူကောင်မလေးက ဆိုင်ကယ်အကောင်းစာကြီးစီးနေသည့်အတွက် စိတ်ပူကာ အူတိုနေခဲ့ပါတယ်။ထိုအမျိုးသားကို ကောင်မလေးဟာ အခြားကောင်မလေးများကို ဆိုင်ကယ်ပေါ်တင်စီးနေသည်ဟု စွပ်စွဲသောကြောင့် အမျိုးသားဟာ စိတ်မရှည်ဖြစ်ခဲ့ရပါတယ်။

ထို့ကြောင့် ဆိုင်ကယ်ထိုင်ခုံ၏နောက်ပိုင်းကို မည်သူမှ စီးမရစေရန်အတွက် သံမှိုများဖြင့် အပြည့်ပြုလုပ်ထားပစ်ခဲ့ပါတယ်။အကယ်၍ချစ်သူကောင်မလေးနှင့် ဆိုင်ကယ်အတူစီးရန်လိုအပ်လာပါက ချစ်သူကောင်မလေးကို ရှေ့ဂွခြားထဲမှနေပြီး လိုက်စီးခိုင်းခဲ့ပါတယ်။

Zawgyi

