Unicode Version
ချယ်လ်ဆီးအသင်းဟာ အသင်းအတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ နည်းပြတူချယ်လ်ကို လာမယ့် တစ်ပတ်ကျရင် စာချုပ်သက်တမ်း တိုးဖို့စီစဉ်နေပါပြီ။
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ဟာဗတ်ဇ်ရဲ့ တစ်လုံးတည်းသော
ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ချန်ပီယံလိဂ် ဖလားကို ပြန်လည် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီး အသင်းဟာ တူချယ်လ်ကို ၂၀၂၃ ခုနှစ်အထိ (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပြီး စာချုပ်သစ်သက်တမ်း
ပြည့်သွားခဲ့ရင် နောက်ထပ်(၁)နှစ်သက်တမ်းတိုးသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့တယ်လို့ Guardian သတင်းစာက ဖော်ပြခဲ့ပါတယ်။
တူချယ်လ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပေမယ့် ကာလတိုအတွင်းမှာပဲ ခြေစွမ်းပိုင်း၊ရလဒ်ပိုင်းတိုးတက်အောင် ဦးဆောင်နိုင်ခဲ့ပြီး အခု ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပါပြီ။
နာမည်ကျော် အီတလီလူမျိုးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရစ်ဇီယိုရိုမာနိုက ” စာချုပ်သစ်ကိစ္စအတွက် လာမယ့်ရက်ပိုင်းအတွင်း
တူချယ်လ်နဲ့ ချယ်လ်ဆီးဘုတ် အဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံ စကားပြောမှာဖြစ်ပြီး ဒီသတင်းက သေချာပါတယ်။
ချယ်လ်ဆီးနဲ့ တူချယ်လ်တို့ စာချုပ်သက်တမ်းတိုးဖို့က အချိန်အနည်းငယ် လောက်ပဲလိုပါတော့တယ်။ တူချယ်လ်ဟာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့တောင် စတင် ပြင်ဆင်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
တူချယ်လ်ဟာ ချယ်လ်ဆီးနည်းပြဘဝအစပိုင်းမှာ အိမ်ကွင်း(၅)ပွဲဆက်ပေးဂိုးမရှိစံချိန်၊ ပြိုင်ပွဲစုံ(၁၃)ပွဲဆက်ရှုံးပွဲမရှိခဲ့လို့ အသင်းသမိုင်းတစ်လျှောက် နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသူတွေထဲမှာ
ရှုံးပွဲမရှိ ပွဲဆက်အများဆုံး စံချိန်တွေရယူခဲ့သလို မတူညီတဲ့ ကလပ်နှစ်သင်း(PSG ၊ချယ်လ်ဆီး)နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ကြိမ်ဆက် တက်နိုင်ခဲ့တဲ့ နည်းပြအဖြစ် စံချိန်တင်ခဲ့ပါတယ်