Spots news

ပီအက်စ်ဂျီနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာချင်နေတဲ့ ပိုချက်တီနို

Unicode Version

ပိုချက်တီနိုကတော့ နွေရာသီမှာ စာချုပ်ဖျက်သိမ်းပြီး ပီအက်စ်ဂျီကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ တော့တင်ဟမ် နည်းပြဟောင်းကတော့ တူချယ်နေရာမှာ အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး လိုင်လီအသင်းကို ချန်ပီယံဆုလွှဲအပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီကို ပြင်သစ်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တိုင်းသားရဲ့စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် သတင်းတွေအရ ပိုချက်တီနိုဟာ စာချုပ်ရက်ထက်ပိုစောပြီး ထွက်ခွာချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပိုချက်တီနိုကိုထုတ်ပယ်ဖို့ စီစဉ်နေပြီး အသက် ၄၉ နှစ်သားကလည်း ပီအက်စ်ဂျီ အားကစားဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖွယ်ရှိနေပါတယ်။ ပိုချက်တီနိုကတော့  အသင်းဟောင်း တော့တင်ဟမ်နဲ့ ရီးရဲလ်အသင်းနည်းပြနေရာတွေကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

တော့တင်ဟမ်ကလည်း မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ပိုချက်တီနိုကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  အခြားတစ်ဖက်မှာလည်း ရီးရဲလ်အသင်းက ဇီဒန်းနေရာမှာ ပိုချက်တီနို ၊ ကွန်တီ နဲ့ ရာအူးလ်တို့ကို ပစ်မှတ်ထားနေပါတယ်။

“ပိုချက်တီနိုက တကယ်ကောင်းတဲ့နည်းပြတစ်ဦးပါ။ ပီအက်စ်ဂျီကနေ ထွက်ခွာသင့်တဲ့အချိန်လို့ ထင်ပါတယ်။ လီဗိုင်းကလည်း သူ့ကိုပြန်လည်အလိုရှိနေပါတယ်။ တော့တင်ဟမ်ကို ပြန်လာသင့်တယ်လို့ ထင်ပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။