Spots news

နေမာနဲ့ အတူတွဲ ကစားချင်ပေမယ့် အရှိ တရားကို လက်ခံထားတယ် ဆိုတဲ့ မက်ဆီ

Unicode

အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီတယောက် သူ့ရဲ့အသင်းဖော် တိုက်စစ်မှူးဟောင်း နေမာနဲ့ ပြန်လည် တွဲကစားခွင့်ရဖို့ မျှော်လင့်ထားဟန် ရှိပါတယ်။ ဒါပေမယ့် ဘာစီလိုနာ တာဝန်ရှိသူတွေ အနေနဲ့ အဆိုပါ ဘရာဇီးလ် တိုက်စစ်မှူးကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ မရှိတာကို လက်ခံထားဟန် ရှိပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ဖြစ်တဲ့ ယူရို ၂၂၂ သန်းနဲ့အတူ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ စတင် ပြောင်းရွှေ့ချိန် ကနေ ယနေ့အချိန်ထိ နူးကမ့်မှာ မက်ဆီနဲ့ ပြန်လည် တွဲဖက် ကစားလိမ့်မယ်ဆိုတဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ် နေခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အပြောင်း အရွှေ့တွေမှာ ကောလဟာလ အဆင့်မှာသာ ရှိနေပြီး အကောင် အထည် ပေါ်မလာခဲ့တာကြောင့် နေမာရဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ရေး အိပ်မက်ဟာလည်း လက်ရှိ အချိန်မှာတော့ ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။

နေမာဟာ လာမယ့် ဘောလုံးရာသီမှာ မက်ဆီနဲ့ အတူ တွဲကစားချင်ကြောင်း မကြာသေးခင်က ပြောထား ခဲ့ဖူးပေမယ့် သူတို့နှစ်ဦး ဘာစီလိုနာမှာ ပြန်လည်ပေါင်းစည်းရေးဟာ လက်ရှိ အခြေအနေအရ ဒီဘရာဇီးလ်သားကို ပြန်ခေါ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း မက်ဆီက အခုလိုဝန်ခံပြောဆိုလိုက်ပါတယ်။

“နေမာကို ပြန်ခေါ်နိုင်ဖို့ ပဲရစ်ကလပ်ကို ဘယ်ကပိုက်ဆံနဲ့ ပြောင်းရွှေ့ကြေးပေးရမလဲဗျ။ မလွယ်ဘူးဗျ၊ ဥက္ကဌသစ် တက်လာခဲ့ရင်တောင် ဒီကိစ္စက ခက်ခဲနေဦးမှာပါ။ အသင်းရဲ့ ဥက္ကဌသစ်အနေနဲ့ ကိစ္စအားလုံးကို ဆင်ခြင် ဆုံးဖြတ်ပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်သလို၊ လက်ရှိအသင်းကိုလည်း အပြောင်းအလဲတွေလုပ်နိုင်ဖို့ လိုအပ်ပါတယ်။”

“ကျွန်တော်တို့ အသင်းကို ကစားသမားသစ်တွေ ရောက်လာဖို့ မလွယ်ကူ ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းက ဘဏ္ဍာရေးအခြေအနေ ကြပ်တည်းနေပြီး ကစားသမားသစ်ခေါ်ယူဖို့ ပိုက်ဆံ မရှိဘူး လေဗျာ။ ဒါပေမယ့် လက်ရှိ ကစားသမားတွေထဲမှာ အသင်းအတွက် အရေးပါတဲ့သူတွေ အများကြီး ရှိနေပါတယ်။”

“ဒါ့ကြောင့် ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး အရာအားလုံးအတွက် ပြန်လည် တိုက်ပွဲဝင်ဖို့ လိုအပ်သလို၊ အသင်းအနေနဲ့ လက်ရှိ ကစားသမားတွေကိုလည်း လစာပေးချေမှုတွေ ပြုလုပ်ရပါဦးမယ်။”လို့ မက်ဆီက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ နေမာကိုပြန်ခေါ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ရဲ့အသင်းဖော်အဖြစ် နောက်တကြိမ် ပြန်လည်တွဲဖက် ကစားချင်ကြောင်း မကြာသေးမီက ဖွင့်ဟထားခဲ့တဲ့ နေမာရဲ့ပြောစကားနဲ့ ပတ်သက်ပြီး မက်ဆီက” အတူတွဲပြီး ပြန်ကစားကြရအောင်လို့ သူပြောခဲ့တယ်ဗျ၊ ကျွန်တော်လည်း သူနဲ့ တွဲကစား ရတာကို တကယ် သဘောကျ မိပါတယ်။”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ အမြဲတမ်း ပြောခဲ့သလို ပါပဲ။ ကျွန်တော်တို့ သုံးယောက်ထဲက သူ(နေမာ)နဲ့ ဖြစ်ဖြစ် လူးဝစ်(ဆွာရက်ဇ်)နဲ့ဖြစ်ဖြစ် အမြဲတမ်း တွဲကစားချင်ပြီး အရင်ကရှိခဲ့တဲ့ ဆက်ဆံရေးကောင်းတွေကို အခုအချိန်ထိ အမှတ်တရှိနေဆဲပါ။”လို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ အသင်းဖော် ဂရက်ဇ်မန်းနဲ့ ဆက်ဆံရေး အဆင်မပြေမှု ရှိနေတယ်လို့ မကြာခန ဝေဖန် ခံရလေ့ရှိပေမယ့် သူတို့နှစ်ဦးကြားမှာ ဘာရန်ငြိုးမှ မရှိကြောင်း အခုလိုပြောပြ ခဲ့ပါတယ်။

“ကျွန်တော် ပြောခဲ့ဖူးတဲ့ အတိုင်း သူ(ဂရစ်ဇ်မန်း)နဲ့ ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်းတခု ရှိနေပါတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမှမရှိပဲ အခု လူတွေပြောနေကြသလို၊ အသင်းက သူ့ကိုခေါ်ယူခဲ့လို့ မကျေနပ်တဲ့ ကိစ္စမျိုးတွေလည်း တခါမှ မပြောခဲ့ဖူး ပါဘူး။”

“ဒါတွေက အရမ်းကိုရိုးရှင်းပြီး တကယ်ဆိုရင် အခုလို ပြောနေဖို့တောင် မလိုအပ်ဘူးဗျ။ ကျွန်တော့်မှာ သူနဲ့ပတ်သက်လို့ ဘာပြဿနာမှ မရှိဖူး။ကျွန်တော်တို့ကြားက ဆက်ဆံရေးဟာ အရမ်းကောင်းမွန်နေ ပါတယ်။”

“အဝတ်လဲခန်းထဲမှာ စကားတွေ ပြောဖြစ်ကြသလို၊ တခါတလေ ဆိုရင် အတူတွဲပြီး သောက်ဖြစ်တာမျိုးတောင်ရှိလို့ အားလုံး အဆင်ပြေနေတယ်လေ။”ဆိုပြီး ဂရစ်ဇ်မန်းနဲ့ ဆက်ဆံရေးအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

Zawgyi

ေနမာနဲ႕ အတူတြဲ ကစားခ်င္ေပမယ့္ အရွိ တရားကို လက္ခံထားတယ္ ဆိုတဲ့ မက္ဆီ

အာဂ်င္တီးနား လက္ေ႐ြးစင္ လီယြန္နယ္ မက္ဆီတေယာက္ သူ႕ရဲ႕အသင္းေဖာ္ တိုက္စစ္မႉးေဟာင္း ေနမာနဲ႕ ျပန္လည္ တြဲကစားခြင့္ရဖို႔ ေမွ်ာ္လင့္ထားဟန္ ရွိပါတယ္။ ဒါေပမယ့္ ဘာစီလိုနာ တာဝန္ရွိသူေတြ အေနနဲ႕ အဆိုပါ ဘရာဇီးလ္ တိုက္စစ္မႉးကို အသင္းထံ ျပန္လည္ ေခၚယူနိုင္ဖို႔ ျဖစ္နိုင္ေျခ မရွိတာကို လက္ခံထားဟန္ ရွိပါတယ္။

ေနမာဟာ ၂၀၁၇ ခုႏွစ္က ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး တရပ္ျဖစ္တဲ့ ယူရို ၂၂၂ သန္းနဲ႕အတူ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး၊ စတင္ ေျပာင္းေ႐ႊ႕ခ်ိန္ ကေန ယေန႕အခ်ိန္ထိ ႏူးကမ့္မွာ မက္ဆီနဲ႕ ျပန္လည္ တြဲဖက္ ကစားလိမ့္မယ္ဆိုတဲ့ သတင္းေတြ အဆက္မျပတ္ ထြက္ေပၚ ေနခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ အေျပာင္း အေ႐ႊ႕ေတြမွာ ေကာလဟာလ အဆင့္မွာသာ ရွိေနၿပီး အေကာင္ အထည္ ေပၚမလာခဲ့တာေၾကာင့္ ေနမာရဲ႕ ဘာစီလိုနာကို ျပန္လည္ေျပာင္းေ႐ႊ႕ေရး အိပ္မက္ဟာလည္း လက္ရွိ အခ်ိန္မွာေတာ့ ျဖစ္နိုင္ေျခ မရွိသေလာက္ ျဖစ္သြားခဲ့ပါၿပီ။

ေနမာဟာ လာမယ့္ ေဘာလုံးရာသီမွာ မက္ဆီနဲ႕ အတူ တြဲကစားခ်င္ေၾကာင္း မၾကာေသးခင္က ေျပာထား ခဲ့ဖူးေပမယ့္ သူတို႔ႏွစ္ဦး ဘာစီလိုနာမွာ ျပန္လည္ေပါင္းစည္းေရးဟာ လက္ရွိ အေျခအေနအရ ဒီဘရာဇီးလ္သားကို ျပန္ေခၚနိုင္ဖို႔ မျဖစ္နိုင္ေၾကာင္း မက္ဆီက အခုလိုဝန္ခံေျပာဆိုလိုက္ပါတယ္။

“ေနမာကို ျပန္ေခၚနိုင္ဖို႔ ပဲရစ္ကလပ္ကို ဘယ္ကပိုက္ဆံနဲ႕ ေျပာင္းေ႐ႊ႕ေၾကးေပးရမလဲဗ်။ မလြယ္ဘူးဗ်၊ ဥကၠဌသစ္ တက္လာခဲ့ရင္ေတာင္ ဒီကိစၥက ခက္ခဲေနဦးမွာပါ။ အသင္းရဲ႕ ဥကၠဌသစ္အေနနဲ႕ ကိစၥအားလုံးကို ဆင္ျခင္ ဆုံးျဖတ္ၿပီး စနစ္တက် စီမံခန့္ခြဲနိုင္ဖို႔ လိုအပ္သလို၊ လက္ရွိအသင္းကိုလည္း အေျပာင္းအလဲေတြလုပ္နိုင္ဖို႔ လိုအပ္ပါတယ္။”

“ကြၽန္ေတာ္တို႔ အသင္းကို ကစားသမားသစ္ေတြ ေရာက္လာဖို႔ မလြယ္ကူ ပါဘူး။ ဘာလို႔လဲဆိုေတာ့ အသင္းက ဘ႑ာေရးအေျခအေန ၾကပ္တည္းေနၿပီး ကစားသမားသစ္ေခၚယူဖို႔ ပိုက္ဆံ မရွိဘူး ေလဗ်ာ။ ဒါေပမယ့္ လက္ရွိ ကစားသမားေတြထဲမွာ အသင္းအတြက္ အေရးပါတဲ့သူေတြ အမ်ားႀကီး ရွိေနပါတယ္။”

“ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔အားလုံး ပူးေပါင္းၿပီး အရာအားလုံးအတြက္ ျပန္လည္ တိုက္ပြဲဝင္ဖို႔ လိုအပ္သလို၊ အသင္းအေနနဲ႕ လက္ရွိ ကစားသမားေတြကိုလည္း လစာေပးေခ်မႈေတြ ျပဳလုပ္ရပါဦးမယ္။”လို႔ မက္ဆီက အသင္းရဲ႕ ဘ႑ာေရးအေျခအေနအရ ေနမာကိုျပန္ေခၚနိုင္ဖို႔ မျဖစ္နိုင္ေၾကာင္း ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူ႕ရဲ႕အသင္းေဖာ္အျဖစ္ ေနာက္တႀကိမ္ ျပန္လည္တြဲဖက္ ကစားခ်င္ေၾကာင္း မၾကာေသးမီက ဖြင့္ဟထားခဲ့တဲ့ ေနမာရဲ႕ေျပာစကားနဲ႕ ပတ္သက္ၿပီး မက္ဆီက” အတူတြဲၿပီး ျပန္ကစားၾကရေအာင္လို႔ သူေျပာခဲ့တယ္ဗ်၊ ကြၽန္ေတာ္လည္း သူနဲ႕ တြဲကစား ရတာကို တကယ္ သေဘာက် မိပါတယ္။”

“ဟုတ္ပါတယ္၊ ကြၽန္ေတာ္တို႔ အၿမဲတမ္း ေျပာခဲ့သလို ပါပဲ။ ကြၽန္ေတာ္တို႔ သုံးေယာက္ထဲက သူ(ေနမာ)နဲ႕ ျဖစ္ျဖစ္ လူးဝစ္(ဆြာရက္ဇ္)နဲ႕ျဖစ္ျဖစ္ အၿမဲတမ္း တြဲကစားခ်င္ၿပီး အရင္ကရွိခဲ့တဲ့ ဆက္ဆံေရးေကာင္းေတြကို အခုအခ်ိန္ထိ အမွတ္တရွိေနဆဲပါ။”လို႔ ေျပာလိုက္ပါတယ္။

မက္ဆီဟာ အသင္းေဖာ္ ဂရက္ဇ္မန္းနဲ႕ ဆက္ဆံေရး အဆင္မေျပမႈ ရွိေနတယ္လို႔ မၾကာခန ေဝဖန္ ခံရေလ့ရွိေပမယ့္ သူတို႔ႏွစ္ဦးၾကားမွာ ဘာရန္ၿငိဳးမွ မရွိေၾကာင္း အခုလိုေျပာျပ ခဲ့ပါတယ္။

“ကြၽန္ေတာ္ ေျပာခဲ့ဖူးတဲ့ အတိုင္း သူ(ဂရစ္ဇ္မန္း)နဲ႕ ကြၽန္ေတာ့္ၾကားမွာ ဆက္ဆံေရးေကာင္းတခု ရွိေနပါတယ္။ သူနဲ႕ ကြၽန္ေတာ့္ၾကားမွာ ဘာျပႆနာမွမရွိပဲ အခု လူေတြေျပာေနၾကသလို၊ အသင္းက သူ႕ကိုေခၚယူခဲ့လို႔ မေက်နပ္တဲ့ ကိစၥမ်ိဳးေတြလည္း တခါမွ မေျပာခဲ့ဖူး ပါဘူး။”

“ဒါေတြက အရမ္းကိုရိုးရွင္းၿပီး တကယ္ဆိုရင္ အခုလို ေျပာေနဖို႔ေတာင္ မလိုအပ္ဘူးဗ်။ ကြၽန္ေတာ့္မွာ သူနဲ႕ပတ္သက္လို႔ ဘာျပႆနာမွ မရွိဖူး။ကြၽန္ေတာ္တို႔ၾကားက ဆက္ဆံေရးဟာ အရမ္းေကာင္းမြန္ေန ပါတယ္။”

“အဝတ္လဲခန္းထဲမွာ စကားေတြ ေျပာျဖစ္ၾကသလို၊ တခါတေလ ဆိုရင္ အတူတြဲၿပီး ေသာက္ျဖစ္တာမ်ိဳးေတာင္ရွိလို႔ အားလုံး အဆင္ေျပေနတယ္ေလ။”ဆိုၿပီး ဂရစ္ဇ္မန္းနဲ႕ ဆက္ဆံေရးအေပၚ မွတ္ခ်က္ေပးခဲ့ပါတယ္။