Celebrity

နှစ်သစ်မှာ ကားသစ်ကြီး ပိုင်ဆိုင်သွားတဲ့ Mick Tongraya

နှစ်သစ်မှာ ကားသစ်ကြီး ပိုင်ဆိုင်သွားတဲ့ Mick Tongraya

Mick Tongraya က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားချောပါ။အသက်က တော့ ၂၈ နှစ်ပါ။လက်ရှိမှာတော့ ထိုင်း CH 7 နဲ့ လက်တွဲ ပြီး အလုပ်လုပ် နေပါတယ်။Mick Tongraya က တော့ ၂၀၂၁ မှာ ကားသစ် ကြီး နဲ့ အပြတ် လန်း တော့မှာပါ။

ကားသစ် ပိုင်ဆိုင်သွားတဲ့ အကြောင်းကို တော့ သူ့ရဲ့ Instagram မှာ ဝေမျှထားပါတယ်။သူ့ရဲ့ IG မှာတော့ P’Poo Mik နဲ့ အတူတူ ကားသစ် ကြီး ရှေ့မှာ ရိုက်ထားတဲ့ ပုံကို တင်ထားပါတယ်။”ထောက်ခံ လက်ခံပေးလို့ ကျေးဇူး တင်ပါတယ်။နှစ်သစ် လက်ဆောင် ..” ဆိုပြီး တင်ထားပါတယ်။

IG Story မှာ တော့ ကားသစ်ကို အန္တရာယ်ကင်းစေဖို့ ဘုန်းကြီးက အန္တရာယ်ကင်း ပရိတ် ရေ တွေ နဲ့ ပက် ဖြန်းပေးနေတဲ့ ပုံ၊ကားသစ်ကို စမ်း မောင်း နှင် ကြည့် နေတဲ့ ဗီဒီယိုဖိုင် တွေကို တင်ထားပါတယ်။

Mick Tongraya ရဲ့ ပရိသတ်တွေ က တော့ သူတို့ ချစ်တဲ့ မင်းသား ကားသစ် ရသွားတဲ့ အပေါ် ၀မ်း သာ ပျော်ရွှင် နေကြပါတယ်။Mick ရဲ့ Post အောက်မှာတော့ ကားသစ် ပိုင်ဆိုင်သွားတဲ့ အတွက် ဂုဏ်ယူ ကြောင်း၊၀မ်းသာကြောင်း၊ဘေးကင်းကင်းနဲ့ မောင်းနှင်ပါ .. အစရှိတဲ့ Comment မျိုးစုံ ၀င်မန့် ထားကြပါတယ်။ချစ်သူ Bow ကလည်း ကားသစ်ရသွားတဲ့ အတွက် ဂုဏ်ယူ ကြောင်း Comment ၀င် ရေး ထားပါတယ်
https://www.instagram.com/p/CJVbN-_FaiM/?igshid=11ef8fvavyq2r

Mick Tongraya နောက်ဆုံး တင်ထားတဲ့ Post မှာတော့ ချစ်သူ Bow Maylada ၊ P’Poo Mik တို့နဲ့ အတူတူ ဘုရားသွား ကုသိုလ် ယူ နေတဲ့ ပုံလေးတွေ ကို ဝေမျှ ထားပါတယ်။
https://www.instagram.com/p/CJVbLNcl0e9/?igshid=sssyt51xbs5t

Bow Maylada ကလည်း သူတို့နှစ်ယောက် အတူတူကုသိုလ်ယူတဲ့ ပုံရော၊တစ်ယောက်တည်း ပုံ တွေ ရော အများကြီး တင်ထားပါတယ်။ Mick Tongraya က တော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း Fan Meeting ပွဲ ကျင်းပခဲ့ပါတယ်။ဇာတ်ကားသစ် အနေနဲ့ ဆိုရင် တော့ Talay Luang (2020) ဆိုတဲ့ ဇာတ်ကား ပြသဖို့ ရှိပါတယ်။ဒီကားမှာတော့ မင်းသမီး Sammy Cowell နဲ့ အတူ တွဲ သရုပ်ဆောင်ထားတာပါ။