Spots news

ကော်တင်ဟိုအတွက် ကျန်ငွေမပေးပဲ ကော်တင်ဟိုကိုသာ ပြန်ပေးချင်နေတဲ့ ဘာစီလိုနာ

Unicode Version

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ နွေရာသီမှာ ကော်တင်ဟိုကို လီဗာပူးအသင်းထံ အလွတ်နဲ့စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးသားဟာ ၂၀၁၈ တုန်းက လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ၂ နှစ်တာကာလအတွင်းမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးခဲ့ပါတယ်။

ကော်တင်ဟိုဟာ နည်းပြ ရော်နယ်ကိုးမန်း လက်အောက်မှာ ပွဲထွက်ခွင့်အနည်းငယ်ရခဲ့ပေမယ့် ပြင်းထန်တဲ့ဒူးဒဏ်ရာအခြေအနေကြောင့် ဒုတိယရာသီဝက်ကို လွဲချော်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းကတော့ ကော်တင်ဟိုအတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနကတော့ ဘာစီလိုနာဟာ လီဗာပူးကိုပေးရမယ့် ပေါင်သန်း ၅၀ အစား ကော်တင်ဟိုကိုသာ ပြန်လွှတ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကော်တင်ဟိုဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာ အခြေအနေတွေကြောင့် လီဗာပူး တာဝန်ရှိသူတွေက ပြန်လည်ခေါ်ယူဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။

အသက် ၂၈ နှစ်သားဟာ ဒဏ်ရာအခြေအနေကို ပြန်လည်ကုစားနေရပြီး ခေါ်ယူမယ့်သူတွေက ဇူလိုင်လအထိ စောင့်ကြည့်ဖွယ်ရှိနေပါတယ်။

Zawgyi Version




