Spots news

ဒီရာသီ ဥရောပရဲ့ ပွဲထွက်ခွင့်အများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘစ်ဆာကာ

Unicode Version

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဘစ်ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ပွဲအရေအတွက် အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘစ်ဆာကာဟာ ၂၀၂၀-၂၁ ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၅၄)ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဒါဟာ လာလီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါကလပ်အသင်းတွေက ကစားသမားတွေထက် ပွဲထွက်ခွင့် အရေအတွက်ပိုများခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၆၁)ပွဲ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ဘစ်ဆာကာ ပွဲထွက်ကစားခွင့်မရခဲ့တာက (၇)ပွဲသာရှိခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကစလို့ ယူနိုက်တက်အသင်းမှာ ဘစ်ဆာကာ ပွဲတိုင်းလိုလိုပါဝင်ကစားခွင့်ရခဲ့ပြီး ခရစ္စမတ်ကာလတုန်းက အသေးစားဒဏ်ရာပြဿနာကြောင့် အဲဗာတန်၊ လက်စတာတို့နဲ့ပွဲကိုသာ လွဲချော်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ နွေရာသီတုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူ ဘစ်ဆာကာဟာ အဲဒီအချိန်ကတည်းက ယူနိုက်တက်ခံစစ်ညာခြမ်းမှာ အဓိကကစားသမားအဖြစ်

ပါဝင်ခွင့်ရခဲ့ပြီး နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ ပွဲထွက်ခွင့်အများဆုံးရခဲ့တဲ့ ကစားသမားစာရင်းမှာ ဘစ်ဆာကာပြီးရင် မန်စီးတီးနောက်ခံလူ ဒီယက်စ်၊

ရီးယဲလ်ဂိုးသမား ကော်တွာ၊ ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွိုင်းယားတို့က (၅၁)ပွဲစီနဲ့ ပါဝင်ခဲ့ကြပါတယ်။mdiarymm