Spots news

တိုမိုရီကို ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အေစီ‌မီလန်

Unicode Version

အေစီမီလန်အသင်းဟာ အငှားလာကစားရာမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးနောက်ခံလူ ဖီကာယို တိုမိုရီကို အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်လျက် ရှိနေပါတယ်။

အသက်၂၃နှစ်သားဟာ ဇန်နဝါရီလက စီးရီးအေ ထိပ်သီးကလပ်ထံ ရောက်ရှိလာခဲ့ပြီး ဂျူဗင်တပ်စ်ကို ၃ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ အရေးပါတဲ့ ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး လိဂ်၁၇ပွဲ ပါဝင်ကစားခဲ့ပါတယ်။

အခုတော့ ဂါဒီးယန်းဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက မီလန်ဟာ တိုမိုရီကို ပေါင်၂၅သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီး ကနေဒါနွယ်ဖွား နောက်ခံလူဟာ ၅နှစ်စာချုပ် ချုုပ်ရန် ရှိနေသည်။

မီလန်နည်းပြ ပီအိုလိုကလည်း ကလပ်ဟာ တိုမိုရီကို အပြီးသတ်ခေါ်ယူဖို့စိတ်ပိုင်းဖြတ်ထားကြောင်း ပြီးခဲ့တဲ့လကတည်းက အတည်ပြု ပြောကြားထားပါတယ်။

ခြင်္သေ့ပြာတွေမှာ ၂၀၂၀-၂၁ ရာသီဝက်တွင် ပရီးမီးယားလိဂ်၁ပွဲသာ ပါဝင်ကစားခဲ့ရာမှာ ဆန်စီရိုအသင်းထံ တိုမိုရီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ နိုဝင်ဘာလက ကိုဆိုဗိုနဲ့ပွဲမှာ အင်္ဂလန်စီနီယာ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း လက်ရှိ အင်္ဂလန်အသင်းရဲ့ ပဏမ ၃၃ ယောက်စာရင်းမှာတော့ ပါဝင်ထားခြင်း မရှိပါဘူး။

ရိုမာနိုရဲ့ အဆိုအရ မီလန်ဟာ ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူးဒ်ကို အပြီးသတ် ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ပြောပါတယ်။

အသက် ၃၄ နှစ် အရွယ် ကမ္ဘာဖလားဆုရင် ဂျီရူးဒ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်တွင် အရန်ခုံမှာသာ ရှိနေခဲ့ပြီး နည်းပြ တူချယ်လက်အောက် ပွဲကစားခွင့် မရတာကြောင့် ထွက်ခွာသွားဖို့အလားအလာ များနေပါတယ်။