Spots news

ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားမယ့် မန်စီးတီး

Unicode Version

ရာသီသစ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ရှိနေတဲ့ မန်စီးတီးဟာ ရီးရဲလ်နောက်ခံလူဆာဂျီယိုရာမို့စ်ကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ ရီးရဲလ်နဲ့စာချုပ်ပြည့်နေပြီဖြစ်သလို အောင်မြင်မှုတွေလည်းရရှိပြီးသားဖြစ်တာကြောင့် ဘာနေဗျူးကိုစွန့်ခွာမယ့် အနေအထားရှိနေပါတယ်။

မန်စီးတီးကတော့ ရာမို့စ်ကို ၂ နှစ်စာချုပ်နဲ့ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ESPN သတင်းဌာနက ဖေါ်ပြပါတယ်။

ဒါ့အပြင် နည်းပြဂွါဒီယိုလာကလည်း ရီးရဲလ်ခံစစ်မှူးရဲ့အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုအရည်အသွေးကို သဘောကျနေတယ်လို့ဆိုပါတယ်။ မန်စီးတီးဟာ ချဲလ်ဆီးကိုရှုံးပြီး

ချန်ပီယံလိဂ်ဖလား ပထမဆုံးရရှိရေးအိပ်မက်ပျက်စီးခဲ့ရတဲ့နောက် အသင်းကိုအားဖြည့်ဖို့ကြိုးစားလိမ့်မယ်လို့ သတင်းတွေထွက်နေတာပါ။

ရာမို့စ်ကတော့ ရီးရဲလ်ကစားသမားဘ၀ ၁၆ နှစ်တာကာလမှာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်ရရှိခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါဖလား ၅ ကြိမ်၊ စပိန်အသင်းနဲ့အတူ ယူရိုနဲ့ကမ္ဘာ့ဖလားတွေဆွတ်ခူးနိုင်ခဲ့တဲ့

ဝါရင့်ကစားသမားဖြစ်ပါတယ်။ ရာမို့စ်ကိုကမ်းလှမ်းမယ့်စာချုပ်မှာ ၂ နှစ်အပြင် နောက်ထပ်တစ်ရာသီ သက်တမ်းတိုးခွင့်

ဒါမှမဟုတ် မေဂျာလိဂ်ကလပ်နယူးယော့ခ်စီးတီးမှာ အလှည့်ကျကစားခွင့်ပါရှိလိမ့်မယ်လို့လည်း ESPN က ရေးသားထားပါတယ်။

လက်ရှိမန်စီးတီးခံစစ်မှာ ဗဟိုနောက်ခံလူတွေအဖြစ် ရူဘန်ဒိုင်ယက်စ်နဲ့ ဂျွန်စတုန်းတို့ အတွဲညီနေပေမယ့် နသန်အကီ ဒဏ်ရာရနေသလို

အဲရစ်ဂါစီယာက ဘာစီလိုနာကိုပြန်သွားမယ့်အနေအထားရှိနေတာကြောင့် အားဖြည့်ချင်နေတာလို့လည်း သိရပါတယ်။

Zawgyi Version

ရာသီသစ္မွာ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ရွိေနတဲ့ မန္စီးတီးဟာ ရီးရဲလ္ေနာက္ခံလူဆာဂ်ီယိုရာမို႔စ္ကို ေခၚယူဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ စပိန္ေနာက္ခံလူဟာ ရီးရဲလ္နဲ႕စာခ်ဳပ္ျပည့္ေနၿပီျဖစ္သလို ေအာင္ျမင္မႈေတြလည္းရရွိၿပီးသားျဖစ္တာေၾကာင့္ ဘာေနဗ်ဴးကိုစြန႔္ခြာမယ့္ အေနအထားရွိေနပါတယ္။

မန္စီးတီးကေတာ့ ရာမို႔စ္ကို ၂ ႏွစ္စာခ်ဳပ္နဲ႕ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ ESPN သတင္းဌာနက ေဖၚျပပါတယ္။ ဒါ့အျပင္ နည္းျပဂြါဒီယိုလာကလည္း ရီးရဲလ္ခံစစ္မႉးရဲ႕အေတြ႕အႀကဳံနဲ႕ ေခါင္းေဆာင္မႈအရည္အေသြးကို သေဘာက်ေနတယ္လို႔ဆိုပါတယ္။ မန္စီးတီးဟာ ခ်ဲလ္ဆီးကိုရႈံးၿပီး

ခ်န္ပီယံလိဂ္ဖလား ပထမဆုံးရရွိေရးအိပ္မက္ပ်က္စီးခဲ့ရတဲ့ေနာက္ အသင္းကိုအားျဖည့္ဖို႔ႀကိဳးစားလိမ့္မယ္လို႔ သတင္းေတြထြက္ေနတာပါ။ ရာမို႔စ္ကေတာ့ ရီးရဲလ္ကစားသမားဘ၀ ၁၆ ႏွစ္တာကာလမွာ ခ်န္ပီယံလိဂ္ဖလားကို ၄ ႀကိမ္ရရွိခဲ့ပါတယ္။ ဒါ့အျပင္ လာလီဂါဖလား ၅ ႀကိမ္၊ စပိန္အသင္းနဲ႕အတူ ယူရိုနဲ႕ကမာၻ႔ဖလားေတြဆြတ္ခူးနိုင္ခဲ့တဲ့

ဝါရင့္ကစားသမားျဖစ္ပါတယ္။ ရာမို႔စ္ကိုကမ္းလွမ္းမယ့္စာခ်ဳပ္မွာ ၂ ႏွစ္အျပင္ ေနာက္ထပ္တစ္ရာသီ သက္တမ္းတိုးခြင့္ ဒါမွမဟုတ္ ေမဂ်ာလိဂ္ကလပ္နယူးေယာ့ခ္စီးတီးမွာ အလွည့္က်ကစားခြင့္ပါရွိလိမ့္မယ္လို႔လည္း ESPN က ေရးသားထားပါတယ္။

လက္ရွိမန္စီးတီးခံစစ္မွာ ဗဟိုေနာက္ခံလူေတြအျဖစ္ ႐ူဘန္ဒိုင္ယက္စ္နဲ႕ ဂြၽန္စတုန္းတို႔ အတြဲညီေနေပမယ့္ နသန္အကီ ဒဏ္ရာရေနသလို အဲရစ္ဂါစီယာက ဘာစီလိုနာကိုျပန္သြားမယ့္အေနအထားရွိေနတာေၾကာင့္ အားျဖည့္ခ်င္ေနတာလို႔လည္း သိရပါတယ္။