Spots news

မန်ယူရဲ့ ပစ်မှတ် ဗာရန်းအတွက် မန်ချက်စတာမှာ အိမ်ရှာပေးနေတဲ့ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ လိဂ်တွင်း ဂိုးပေးများခဲ့သလို ခံစစ်ပိုင်းစွမ်းဆောင်ရည်ဟာ အလယ်လတ်အသင်းတစ်သင်း သာသာရှိခဲ့လို့

နွေရာသီအပြောင်းအရွေ့မှာ ထိပ်တန်း နောက်ခံလူ တစ်ဦးကို ဦးစားပေးအဖြစ် သတ်မှတ်ကာခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ရဲ့ ခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယား တစ်ဦးသာ ခြေစွမ်းပုံမှန် ထိန်းထားနိုင်တာ ဖြစ်ပြီး မက်ဂွိုင်းယား ဒဏ်ရာ ရရှိချိန်မှာ အသင်းရဲ့ ခံစစ်ပြသနာဟာ သိသာစွာ ပေါ်လွင်လာခဲ့တာကြောင့်

ရီးရဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဗာရန်း နဲ့ ရီးရဲလ်ကြားစာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာ ဖြစ်ပြီး ၂၇နှစ်အရွယ် နောက်ခံလူဟာ ရာမိုစ့်နဲ့တွဲဖက်ပြီး ခြေစွမ်းပြခဲ့ပေမယ့်လည်း လက်ရှိမှာတော့

ရီးရဲလ်ကနေ ထွက်ခွါကာ နေရာသစ်ရှာဖွေလိုနေပြီး မန်ယူနိုက်တက် ကအကောင်းဆုံး နားခိုရာဖြစ်လာနိုင်တယ်လို့ ကစားသမားရဲ့ တာဝန်ရှိသူတွေကယူဆထားကြောင်း စပိန်သတင်းတွေကဆိုပါတယ်။

ဗာရန်းကို ယခုနွေမှာ ခေါ်ယူမယ်ဆိုရင် လက်ကျန်စာချုပ်အရ ယူရို(၃၅)သန်းသာပေးချေရမှာဖြစ်ပြီး ကမ္ဘာ့ဖလား၊ချန်ပီယံလိဂ် အပါဝင်ဆုဖလားမျိုးစုံ ကိုင်မြှောက်ခဲ့ဖူးတဲ့

အကောင်းဆုံး အသက်ရွယ်ရောက်နေတဲ့ နောက်ခံလူတစ်ဦးအတွက်တော့ ထိုက်တန်လွန်းတဲ့ဈေး လို့ဆိုရနိုင်ပါတယ်။

မန်ချက်စတာမှာလည်း ပြင်သစ် နိုင်ငံအသင်းဖော် ပေါ့ဘာ က အိမ်အသစ်ရှာဖွေနေကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီး ဒီသတင်းဟာ ဗာရန်းအတွက် အိမ်ရှာပေးတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

ဘရူနို အတွက်လည်း နေထိုင်ရာ အိမ်အသစ်ကို ပေါ့ဘာ ကပဲရှာဖွေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဗာရန်းအပြောင်းအရွှေ့မှာ ပေါ့ဘာက ပါဝင်ကူညီနေဖွယ် ရှိပါတယ်။