Spots news

ဒဏ်ရာရရှိနေပေမယ့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ‌စာရင်းမှာ ဗန်ဒိုက် ပါဝင်နေဆဲ

Unicode Version

ကမ္ဘာ့ဘောလုံးလောကရဲ့ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူ၁၀ဦးစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။မန်စီးတီးနောက်ခံလူရူဘင်ဒိုင်ယက်စ်ဟာလီဗာပူးနောက်ခံလူဗာဂယ်ဗန်ဒိုက်ကိုကျော်ဖြတ်ပြီးကမ္ဘာ့နံပါတ်၁ဗဟိုနောက်ခံလူအဖြစ်အငြင်းပွားဖွယ်ရာရပ်တည်နိုင်ခဲ့တာတွေ့ရပါတယ်။

မန်စီးတီးနောက်ခံလူဟာအသင်းကိုချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင်ကူညီနိုင်ခဲ့ခြင်းမရှိပေမယ့်လည်းပရီးမီးယားလိဂ်ဖလားနှင့်ကာရာဘောင်းဖလားတို့ဆွတ်ခူးနိုင်မှုနဲ့အတူ Four Four Two မဂ္ဂဇင်းကရွေးချယ်တဲ့ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ၁၀ဦးစာရင်းမှာထိပ်ဆုံးကရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယခင်ကကမ္ဘာ့နံပါတ်၁ဗဟိုနောက်ခံလူအဖြစ်ရပ်တည်နိုင်ခဲ့တဲ့လီဗာပူးနှင့်လီဗာပူးနောက်ခံလူဗန်ဒိုက်ကတော့အဆင့်၂နေရာသို့ဆင်းပေးခဲ့ရပါတယ်။ဗန်ဒိုက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအစမှာဒူးအရွတ်ဒဏ်ရာပြင်းထန်စွာရရှိပြီးအနားယူခဲ့ရမှုနဲ့အတူနံပါတ်၂နေရာသို့ဆင်းပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ၁၀ဦးရဲ့နံပါတ်၃နေရာမှာပီအက်စ်ဂျီနှင့်ဘရာဇီးနောက်ခံလူမာကွင်ဟိုကရပ်တည်နေပြီးအဆင့်၄နေရာမှာမန်စီးတီးနောက်ခံလူအေမီရစ်လာပေါ်တီကရပ်တည်နိုင်ခဲ့ပါတယ်။နံပါတ်၅နေရာမှာမန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယား၊အဆင့်၆နေရာမှာရီးရဲလ်မက်ဒရစ်နောက်ခံလူရာဖေးဗာရိန်း၊အဆင့်၇နေရာမှာမန်စီးတီးနောက်ခံလူဂျွန်စတုန်း၊အဆင့်၈နေရာမှာအင်တာနောက်ခံလူမီလန်စကာနီယာတို့ရပ်တည်နိုင်ခဲ့ပါတယ်။

Four Four Two မဂ္ဂဇင်းရဲ့ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူ၁၀ဦးစာရင်းမှာစပိန်နောက်ခံလူများဖြစ်ကြတဲ့ဆာဂျီယိုရာမို့စ်နှင့်ဂါရတ်ပီကေးတို့လည်းပါဝင်ခဲ့ပြီး၎င်းတို့ဟာအဆင့်၉နှင့်အဆင့်၁၀နေရာမှာအသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ၁၀ဦးစာရင်းမှာဂျူဗင်တပ်နောက်ခံလူမားသီးယပ်စ်ဒီလက်၊ချဲလ်ဆီးဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗား၊ချဲလ်ဆီးနောက်ခံလူရူဒီဂါတို့ပါဝင်ခြင်းမရှိသလိုဘိုင်ယန်နောက်ခံလူသစ်အူပါမီကာနှင့်နာပိုလီနောက်ခံလူကူလီဘာလီတို့လည်းမပါဝင်ခဲ့ပါဘူး။