Spots news

တော့တင်ဟမ်ဟော့ စပါး အသင်းနည်းပြဖြစ်လာဖို့ ဆွေးနွေးနေတဲ့ ကွန်တီ

Unicode Version

အင်တာမီလန် အသင်းနဲ့ လောလောလတ်လတ် လမ်းခွဲထားတဲ့ နည်းပြ အန်တိုနီယို ကွန်တီဟာ တော့တင်ဟမ် နည်းပြသစ် ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ချဲလ်ဆီး နည်းပြဟောင်းဟာ အင်တာမီလန်နဲ့အတူ စီးရီးအေဖလား ဆွတ်ခူးခဲ့ပြီးနောက် လန်ဒန်ကို ပြန်လာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။

ကွန်တီဟာ အဲဗာတန်နည်းပြသစ် ဖြစ်လာဖို့လည်း ရေပန်းစားနေသူတွေထဲ ပါဝင်ပါတယ်။ တော့တင်ဟမ် ဥက္ကဌ လီဗိုင်းရဲ့ ပထမဆုံးပစ်မှတ်က နည်းပြဟောင်း ပိုချက်တီနိုဖြစ်တယ်လို့ The Sunရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပီအက်စ်ဂျီကတော့ ပိုချက်တီနိုကို ပေးထွက်လိုခြင်း မရှိဘဲ ၁နှစ်သက်တမ်းလည်း တိုးထားတာကြောင့် ခေါ်ယူမယ်ဆိုရင် တော့တင်ဟမ်အနေနဲ့ လျော်ကြေး ပိုပေးရဖို့ ရှိနေပါတယ်။

ကွန်တီဟာ ဧပြီလ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့ တော့တင်ဟမ်ရဲ့ ပစ်မှတ်စာရင်းထဲက တစ်ခု ဖြစ်ပါတယ်။ အီတလီနည်းပြဟောင်း ကွန်တီဟာ ၂၀၁၆ခုနှစ်က

ချဲလ်ဆီးကို ကိုင်တွယ်ခဲ့ကာ ပထမရာသီမှာတင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး နောက်နှစ်မှာတော့ အက်ဖ်အေဖလား ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှာတော့ အင်တာကို ရောက်လာခဲ့ကာ ယခုနှစ်ရာသီ စီးရီးအေဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

အီတလီက လာတဲ့ သတင်းတွေအရ တော့တင်ဟမ်ဟာ ဂျူဗင်တပ်စ် အားကစားဒါရိုက်တာဟောင်း ပါရာတီချီကိုလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။