Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ညာနောက်ခံလူ နေရာအတွက် ဝမ်ဘစ်ဆာကာကို ဖိအားပေးနိုင်ဖို့ အက်သလက်တီကို အသင်းမှ ထရစ်ပီယာကို တစ်ဖန်ပြန်လည် ချိန်ရွယ်နေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ကာလမှာကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထရစ်ပီယာကို ခေါ်ယူရန် စုံစမ်းနေခဲ့တာ ဖြစ်ပေမယ့် ကစားသမားရဲ့ လောင်းကစားမှုကြောင့် ပွဲပယ်ပြစ်ဒဏ်တွေကျခံခဲ့ရတဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်တို့ဘက်က လက်ရှောင်ခဲ့တာပါ။
အသက် ၃၀ အရွယ် အင်္ဂလန်နောက်ခံလ ဟာ လက်ရှိအချိန်မှာ အဂ်လန်အသင်းရဲ့ ယူရိုပြိုင်ပွဲအတွက် လူစာရင်းမှာ ရွေးချယ်ခံထားရပြီး အက်သလက်တီကိုနဲ့ တစ်နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေတာ ဖြစ်ပါတယ်။
ထရစ်ပီယာရဲ့ မိသားစုဝင်တွေဟာ မန်ချက်စတာမြို့မှာနေထိုင်နေတာကြောင့် သူ့အနေနဲ့ အင်္ဂလန်ကို အမြန်ပြန်လာချင်နေပြီး ၎င်းကိုယ်တိုင်ရဲ့ ငယ်ဘဝအားပေးခဲ့တဲ့ အသင်းက ယူနိုက်တက်ဖြစ်နေတာကြောင့်လည်း ကစားပေးချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားကတော့ တိုက်စစ်ပိုင်း လိုက်ပါမှုမှာ အားနည်းချက်တွေရှိနေတဲ့ ဘစ်ဆကာ ကို အနည်းငယ် ဘဝင်မကျဖြစ်နေပြီး ခံစစ်မှာ ၃ ယောက်ပဲ ထားပြီးဆော့မယ့် အခြေအနေမျိုးတွေမှာ ထရစ်ပီယာက ပိုပြီးသင့်တော်တာကြောင့် အရခေါ်ယူဖို့ ပြန်လည် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။