Spots news

ပရီးမီးယားလိဂ်ရဲ့ အမေ့လျော့ခံတစ်ဦး (သို့ ) ဂျေမီဗာဒီ

Unicode Version

ဂျေမီဗာဒီလို့ ပြောလိုက်ရင်တော့ ကျွန်တော်တို့ဟာ Premier League မှာ အသက်အရွယ်ရလာမှပဲ နာမည်ကြီးလာတဲ့ လက်စတာ တိုက်စစ်မှူး တစ်ယောက်ကို ပြေးမြင်မိပါလိမ့်မယ်။ ဗာဒီဟာ လက်စတာအသင်းရဲ့တိုက်စစ်ကို ဦးဆောင် ကစားနေသူဖြစ်ပြီး သူ့ ရဲ့ သွင်းဂိုးတွေ မှတ်တမ်းတွေကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

တကယ်တော့ လက်ရှိမှာ ဂျေမီဗာဒီရဲ့ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၄ ဂိုး အထိသွင်းယူနိုင်ခဲ့ပြီး  ဒါဟာ ပရီးမီးယားလိဂ်ရဲ့ထင်ရှားတဲ့ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို (84) ၊ ဘားကမ့် (87) ၊ နစ္စတယ်ရွိုင်း (95) ဂိုးနဲ့ ဒရော့ဘာ (104) ဂိုးထက် ပိုများတာဖြစ်ပါတယ်။ သို့သော်လည်း ပရီးမီးယား လိဂ်ရဲ့ နာမည်ကျော်တိုက်စစ်မှူးတွေကို ရေရွတ်တိုင်း သူ့ရဲ့နာမည်ကို ကျွန်တော်တို့မေ့နေလေ့ရှိတယ်။

သူဟာ ဆုဖလား အောင်မြင်မှုအနေနဲ့ တန်းတက်စ လက်စတာအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ဆောင်ရွက်ပေးခဲ့သလို ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု တစ်ကြိမ်နဲ့ ဂိုးသွင်းဘုရင်ဆု တစ်ကြိမ်တို့ကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ တန်းတက်လာတာ သိပ်မကြာသေးတဲ့ လတ်စကာကို ပြိုင်ဘက်တိုင်းကြောက်ရွံ့စေတာ ဗာဒီရဲ့ တိုက်စစ်အားကြောင့်လို့ ပြောလို့တောင်ရပါတယ်။

အဲ့ဒီထက် ပိုအံ့သြစရာကိန်းဂဏန်းတစ်ခုလည်း ရှိနေသေးတာဖြစ်ပါတယ်။ ဒါကတော့ ထိပ်သီး ၆ သင်းနဲ့ တွေ့ဆုံရာမှာ ဗာဒီရဲ့မှတ်တမ်းဖြစ်ပါတယ်။ အဆိုပါ ထိပ်သီး ၆ သင်းနဲ့ စုစုပေါင်း ပွဲ ၈၀ ရင်ဆိုင်ဖူးရာမှာ ဗာဒီဟာ ၄၇ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးပေးထားနိုင်တာပဲဖြစ်ပါတယ်။လက်ရှိမှာ သူဟာ ၃၃ နှစ်ရှိနေ‌ပေမယ့် လတ်စတာတိုက်စစ်ကို အကောင်း‌ဆုံး ဦးဆောင်ကစားနေဆဲဖြစ်ပြီး ဒီနှစ်မှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုး ရရှိထားပြီဖြစ်ပါတယ်။

အဲ့ဒီလိုအချက်အလက်နဲ့ ကိန်းဂဏန်းတွေရှိပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်းပြောတိုင်း သူ့နာမည်ဟာ မေ့လျော့ခံရလေ့ရှိနေတာပါ။ ဒါကြောင့်ပဲ ဗာဒီဟာ ခြေစွမ်းကောင်းသလောက် မထင်ရှားတဲ့ကစားသမားလို့ ဆိုရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့တိတ်တဆိတ်ကြယ်ပွင့်တစ်ဦးလို့ ဆိုရမှာပဲဖြစ်ပါတယ်။

Zawgyi Version

ေဂ်မီဗာဒီလို႔ ေျပာလိုက္ရင္ေတာ့ ကြၽန္ေတာ္တို႔ဟာ Premier League မွာ အသက္အ႐ြယ္ရလာမွပဲ နာမည္ႀကီးလာတဲ့ လက္စတာ တိုက္စစ္မႉး တစ္ေယာက္ကို ေျပးျမင္မိပါလိမ့္မယ္။ ဗာဒီဟာ လက္စတာအသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ ကစားေနသူျဖစ္ၿပီး သူ႕ ရဲ႕ သြင္းဂိုးေတြ မွတ္တမ္းေတြကလည္း စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။

တကယ္ေတာ့ လက္ရွိမွာ ေဂ်မီဗာဒီရဲ႕ပရီးမီးယားလိဂ္သြင္းဂိုး ၁၁၄ ဂိုး အထိသြင္းယူနိုင္ခဲ့ၿပီး ဒါဟာ ပရီးမီးယားလိဂ္ရဲ႕ထင္ရွားတဲ့ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္ဒို (84) ၊ ဘားကမ့္ (87) ၊ နစၥတယ္႐ြိုင္း (95) ဂိုးနဲ႕ ဒေရာ့ဘာ (104) ဂိုးထက္ ပိုမ်ားတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ပရီးမီးယား လိဂ္ရဲ႕ နာမည္ေက်ာ္တိုက္စစ္မႉးေတြကို ေရ႐ြတ္တိုင္း သူ႕ရဲ႕နာမည္ကို ကြၽန္ေတာ္တို႔ေမ့ေနေလ့ရွိတယ္။

သူဟာ ဆုဖလား ေအာင္ျမင္မႈအေနနဲ႕ တန္းတက္စ လက္စတာအသင္းကို ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေအာင္ ေဆာင္႐ြက္ေပးခဲ့သလို ပရီးမီးယားလိဂ္ရဲ႕တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆု တစ္ႀကိမ္နဲ႕ ဂိုးသြင္းဘုရင္ဆု တစ္ႀကိမ္တို႔ကို ရရွိခဲ့သူပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ တန္းတက္လာတာ သိပ္မၾကာေသးတဲ့ လတ္စကာကို ၿပိဳင္ဘက္တိုင္းေၾကာက္႐ြံ႕ေစတာ ဗာဒီရဲ႕ တိုက္စစ္အားေၾကာင့္လို႔ ေျပာလို႔ေတာင္ရပါတယ္။

အဲ့ဒီထက္ ပိုအံ့ၾသစရာကိန္းဂဏန္းတစ္ခုလည္း ရွိေနေသးတာျဖစ္ပါတယ္။ ဒါကေတာ့ ထိပ္သီး ၆ သင္းနဲ႕ ေတြ႕ဆုံရာမွာ ဗာဒီရဲ႕မွတ္တမ္းျဖစ္ပါတယ္။ အဆိုပါ ထိပ္သီး ၆ သင္းနဲ႕ စုစုေပါင္း ပြဲ ၈၀ ရင္ဆိုင္ဖူးရာမွာ ဗာဒီဟာ ၄၇ ဂိုးသြင္းၿပီး ၁၀ ဂိုးဖန္တီးေပးထားနိုင္တာပဲျဖစ္ပါတယ္။လက္ရွိမွာ သူဟာ ၃၃ ႏွစ္ရွိေန‌ေပမယ့္ လတ္စတာတိုက္စစ္ကို အေကာင္း‌ဆုံး ဦးေဆာင္ကစားေနဆဲျဖစ္ၿပီး ဒီႏွစ္မွာလည္း ပရီးမီးယားလိဂ္သြင္းဂိုး ၁၁ ဂိုး ရရွိထားၿပီျဖစ္ပါတယ္။

အဲ့ဒီလိုအခ်က္အလက္နဲ႕ ကိန္းဂဏန္းေတြရွိေပမယ့္လည္း ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္မႉးေတြအေၾကာင္းေျပာတိုင္း သူ႕နာမည္ဟာ ေမ့ေလ်ာ့ခံရေလ့ရွိေနတာပါ။ ဒါေၾကာင့္ပဲ ဗာဒီဟာ ေျခစြမ္းေကာင္းသေလာက္ မထင္ရွားတဲ့ကစားသမားလို႔ ဆိုရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕တိတ္တဆိတ္ၾကယ္ပြင့္တစ္ဦးလို႔ ဆိုရမွာပဲျဖစ္ပါတယ္။