Spots news

ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရတော့မယ့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်

Unicode Version

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ယခုအပတ်အတွင်း မှာ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

အဲဒီဥရောပအသင်းကြီး ၃သင်းဟာ စူပါလိဂ်ကစားဖို့ ကြံရွယ်နေတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာအရ အပြစ်ပေးခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီအသင်းတွေက ၎င်းတို့တွင်လည်း အီးယူရဲ့စည်းမျဉ်းဥပဒေအရ ပြိုင်ပွဲသစ် ကျင်းပခွင့်ရှိနေပြီး ယူအီးအက်ဖ်အေ နှင့်ဖီဖာတို့ကဝင်ရောက်တားဆီးနိုင်ခြင်း မရဟု ဆိုထားကြပါတယ်။

ဘောလုံးလောကအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်စေခဲ့တဲ့ အဲဒီပြိုင်ပွဲကနေ ဒါဇင်နဲ့ချီတဲ့ အသင်းကြီးတွေ ထွက်သွားချိန်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် အသင်းတွေသာ ကျန်တော့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ တကယ်လို့ ယူအီးအက်ဖ်အေက အရေးယူမှုပြုလုပ်လာပါက အားကစားသမာဓိ ခုံရုံးတွင်ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။ လာပေါ်တာက

“တောင်းပန်မှု မလုပ်လို့ အရေးယူခြင်း ခံရမယ်ဆိုရင် အားကစားသမာဓိ ခုံရုံးကိုသွားမယ်လို့ ယူအီးအက်ဖ်အေ ဥက္ကဌကို ပြောကြားထားပြီးပါပြီ။ ကျွန်တော်တို့ကို တရားမမျှမတ ဆုံးဖြတ်လာတာဖြစ်လို့ အဲဒီလိုစီစဉ်ထားရတာပါ။”

“ဘာစီလိုနာအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ပါမယ်။ ခေတ်သစ်ဲ ဘောလုံးလောကနဲ့ ထိုက်တန်တဲ့ အရာအတွက် တိုက်ပွဲဝင်ပါမယ်။ အခုအချိန်မှာ ကလပ်တိုင်းက ငွေတွေဆုံးရှုံးနေတာပါ”လို့ပြောထားပါတယ်။

စူပါလိဂ်နဲ့ ပတ်သက် ဆက်နွယ်ခဲ့တဲ့ အခြားအသင်း၉သင်းဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ အက်သလက်တီကို၊ အာဆင်နယ်၊ လီဗာပူး၊ ယူနိုက်တက်၊ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကတော့

ယူအီးအက်ဖ်အေကို တောင်းပန်စာ လက်မှတ်ရေးထိုးခဲ့ကာ ဘောလုံးလောက တိုးတက်ရေးအတွက် ပေါင် ၁၂.၉သန်း ကူညီဖို့ သဘောတူခဲ့ပါတယ်။