Spots news

ရာသီသစ်မှာ ပွဲထွင်ခွင့်အတွက် နည်းပြ ဆိုးလ်ရှားနဲ့ ဆွေးနွေးသွားမယ့် ဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် နဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ လမည့် ပရီးမီးယားလိဂ် ရာသီသစ်မှာ သူ့ရဲ့ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အရေး နည်းပြ ဆိုလ်းရှား နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း The Telegraph သတင်းစာက ရေးသားဖော်ပြ ထားပါတယ်။

တစ်နည်းအားဖြင့် ပထမအသင်းမှာ ပရီးမီးယားလိင် ပွဲထွက်ခွင့်ရရေးအတွက် တောင်းဆိုသွားမယ့်သဘောပဲ ဖြစ်ပါတယ် ။ အသက် ၂၄ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ အေဂျက်ဇ်ကနေ ပေါင် သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့တဲ့နောက် မန်ယူကစားသမားဘ၀ ပထမရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သလို ဗီလာရီးရဲလ်ကိုရှုံးတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အရန်ခုံမှာပဲထိုင်နေခဲ့ရတာပါ။ လက်ရှိအချိန်မှာ သူဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကစားဖို့ရှိနေပါတယ်။

ဗန်ဒီဘိခ်က “ ကျွန်တော်က စိတ်ရှည်တဲ့လူမျိုးပါ။ ဒါပေမဲ့ ကျွန်တော် ယူနိုက်တက်ကို ရောက်လာတာ ပွဲတွေအများကြီးကစားဖို့ ရောက်လာခဲ့တာပါ။ ပြီးတော့ ကျွန်တော်တွေးတယ်.။

ကျွန်တော် ကြိုးစားခဲ့တဲ့ မိနစ်တွေ၊ အချိန်တွေ၊ ဒါတွေဟာ အသင်းအတွက် ကျွန်တော်ပိုလုပ်ပေးနိုင်သေးတယ်ဆိုတာ ပြနေတယ်လို့လေ ” လို့ ဗန်ဒီဘိခ်က ဖွင့်ဟခဲ့ဖူးပါတယ်။

အရန်ဖလားပွဲတွေသာ ကစားခွင့်ရခဲ့တဲ့ နယ်သာလန်သားဟာ ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့ပြီး ၂ ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေတုန်းက

မန်ယူရဲ့အဓိက ကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ သူ့လိုကစားသမားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လူစားတောင်ဝင်ခွင့်မရခဲ့တာကတော့ အနာဂတ်အတွက် စဉ်းစားစရာကောင်းလာတာ အမှန်ပါပဲ။