Unicode Version
ချယ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဘိုင်ယန် လီဗာကူဆင် အသင်း ခံစစ်မှူး အက်မွန် တပ်ဆိုဘာ ကို အပြိုင်အဆိုင်
ချိတ်ဆက်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ တပ်ဆိုဘာ ကို အာဆင်နယ်အသင်းက ဒီနွေမှာ ခေါ်ဖို့ ပစ်မှတ်ထားနေခဲ့တာပါ။
အသက် ၂၂ နှစ် အရွယ် ဗဟိုခံစစ်မှူးဟာ လီဗာပူဆင်နဲ့ အတူ ဘွန်ဒစ်လီဂါမှာ ဒီရာသီ ခြေစွမ်းပြ ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေရဲ့ အပြိုင် မျက်စိကျခြင်း ခံလာရတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၀၂၀ ကမှ လီဗာကူဆင် ရောက်ခဲ့ပြီး အခုမှ ကလပ်သစ်နဲ့ ပထမရာသီပြည့် ကစားပြီးတာ ဖြစ်တဲ့ တပ်ဆိုဘာ ကို အာဆင်နယ်အသင်းက အလေးအနက် ချိတ်ဆက်နေခဲ့တာပါ။
ဒါပေမယ့် ဂျာမန်သတင်းတွေ အဆိုအရတော့ အမှတ်ပေးဇယား အဆင့် ၈ က အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေကို တခြားအသင်းကြီးတွေက ရိုက်ချိုးဖွယ် ရှိကြောင်း ဖော်ပြလာပါတယ်။
တပ်ဆိုဘာကတော့ သူ့ကို တရားဝင် ကမ်းလှမ်းတာ မလုပ်ကြသေးပေမယ့် ယူနိုက်တက် ဒါမှမဟုတ် ချယ်ဆီးထံ ပြောင်းဖို့ကို ပိုမို စိတ်ဝင်စားနေပါတယ်။
တူချယ်ရဲ့ ချယ်ဆီးကလည်း ဒီနွေမှာ ခံစစ်ကို တိုးတက်အောင် အားဖြည့်ဖို့ စိတ်အားထက်သန်နေပြီး ဥရောပ ချန်ပီယံလိဂ်ဖလား ယူပေးထားတဲ့ ဂျာမန်သားကို ကလပ်အသင်းကလည်း ဖြည့်ဆည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တပ်ဆိုဘာ ကို ခေါ်ယူဖို့ အတိအလင်း လှုပ်ရှားမှုတွေက အခြား ခံစစ် ပစ်မှတ်တွေကို မရမှသာ နွေဈေးကွက် နှောင်းပိုင်းမှ ချယ်ဆီးတို့ လုပ်ဆောင်ဖွယ် ရှိပါတယ်။