Spots news

ရီးရဲလ်မှာ ဂါရတ်ဘေးလ်နဲ့ ပြန်ပေါင်းထုပ်မယ်လို့ နည်းပြ အန်ဆယ်လော့တီပြော

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ အန်ဆယ်လော့တီက တော့တင်ဟမ်မှာ အငှားကစားနေတဲ့ ဂါရတ်ဘေးလ်တစ်ယောက် စပိန်ကိုပြန်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ဘာနေဗျူးကို ၆ နှစ် အကြာမှာ ရီးရဲလ်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အီတလီသားဟာ အဲဗာတန်အသင်းကနေ ထွက်ခွာဖို့ ရုတ်တရက်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇီဒန်းနေရာကို အစားဝင်လာခဲ့တာဖြစ်ပါတယ်။ ဘေးလ်ကတော့

ဇီဒန်းလက်အောက် မှာတုန်းက ရီးရဲလ်အသင်းမှာ အနာဂတ်မသေချာခဲ့ပေမယ့် အန်ဆယ်လော့တီလက်အောက်မှာတော့ အနာဂတ်သေချာလာဖွယ်ရှိနေပါတယ်။

အသက် ၃၁ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက တော့တင်ဟမ်အသင်းမှာ အငှားကစားခဲ့တာဖြစ်ပြီး ၃၄ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘေးလ်က ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမယ်ဆိုတဲ့သတင်းတွေကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

နည်းပြသစ် အန်ဆယ်လော့တီကတော့ ဘေးလ်ဟာ လာမယ့်ရာသီ ရီးရဲလ်အသင်းရဲ့အဓိက ကစားသမားဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

“သူပြန်လာမှာပါ။ သူ့အကြောင်း ကျွန်တော်ကောင်းကောင်းသိပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ ဟာဇက်ရဲ့ အခြေအနေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဟာဇက်က ထိပ်တန်းကစားသမားတစ်ဦးပါ။

သူ့မှာ ပြဿနာတစ်ခုရှိနေတာပါ။ ဒါပေမယ့် သူအခုရာသီသစ်မှာ ခြေစွမ်းပြပါလိမ့်မယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။