Spots news

ဟယ်ရီကိန်းနဲ့ ဂရီးလစ်ခ်ျကို ခေါ်ယူဖို့ ဘာနာဒို ဆေးလ်ဗား ကိုပါ အရောင်းစာရင်းတင်လိုက်တဲ့ မန်စီးတီး

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို

ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဝယ်ယူချင်တဲ့ အသင်းတွေ ရှိပါက ရောင်းချသွားဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွား ကြပါတယ်။

လက်ရှိမှာတော့ မန်စီးတီး အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာ ကွင်းလယ်လူ ဂရီးလစ်ချ်တို့ကို စိတ်ဝင်စားနေပြီး အဆိုပါ ကစားသမား ၂ဦးကို ခေါ်ယူလိုပါက ပေါင် ၂၀၀သန်းခန့်

သုံးစွဲရဖွယ် ရှိတာကြောင့် အသင်းရဲ့ ကစားသမား တွေထဲက စတာလင်းနဲ့ မာရက်ဇ် ၊ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ၊ နောက်ခံလူ လာပေါ်တေး တို့ကို ရောင်းချဖို့ စီစဉ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီး အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ဘာနာဒို ဆေးလ်ဗားရဲ့ ခြေစွမ်းကို

သဘောကျ နှစ်သက်မှု ရှိပေမယ့် အသင်းရဲ့ ဘဏ္ဏာရေးဆိုင်ရာ လိုအပ်ချက်ကြောင့် ဘာနာဒို ဆေးလ်ဗားကို ရောင်းချဖို့ သဘောတူ ခဲ့ကြောင်း သိရပါတယ်။

လတ်တလော မှာတော့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ဂျာမန် အင်အားကြီး ဘိုင်ယန်မြူးနစ် အသင်းတို့က

စောင့်ကြည့်နေပြီး မန်ချက်စတာ စီးတီးအသင်း ကတော့ ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် အလိုရှိ နေပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၅ဂိုး

သွင်းယူထားပြီးဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် သူ့ကို ရရှိတဲ့ အသင်းဟာ အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ် လာနိုင်ပါတယ်။