Spots news

မန်ယူရဲ့ ပစ်မှတ် ဆာအူလ် ကို ကြားဖြတ်ခေါ်ယူခဲ့ပြန်တဲ့ ဘိုင်ယန်မြူးနစ်

Unicode Version

ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ စပိန်ကွင်းလယ်လူ ဆာအူလ်နီဂွက်ဇ်ကို ကြားဖြတ် ခေါ်ယူနိုင်ဖို့နီးစပ်နေပြီ ဖြစ်ပြီး ပေါင်(၆၈)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုပြန်လည်ရယူနိုင်ဖို့ ကစားသမားသစ်တွေခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေပြီး တီယာဂို မရှိတော့တဲ့နောက်ပိုင်း ကွက်လပ်ဖြစ်နေတဲ့ ကွင်းလယ်လူနေရာအတွက် ဆာအူလ်နဲ့ဖြည့်ဆည်းနိုင်တော့မှာဖြစ်ပါတယ်။

အက်သလက်တီကိုအကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ဆာအူလ်ဟာ အသင်းကစားသမားဘ၀ (၁၃)နှစ်တာကာလအတွင်း ခြေစွမ်းပြကစားနိုင်ခဲ့လို့ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ

တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ရာသီအစပိုင်းတုန်းက ယူနိုက်တက်အသင်းက သူ့ကို ပေါင်သန်း(၇၀)နဲ့ ခေါ်ယူဖို့ချိတ်ဆက်ခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဆာအူလ်ကို ပြန်လည်ကြိုးပမ်းဖို့ပြင်ဆင်နေပေမယ့် အခု ဘိုင်ယန်မြူးနစ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာအူလ်ကို ခေါ်ယူဖို့ ပေါင်(၆၈)သန်းနဲ့သဘောတူညီမှုရခဲ့ပြီလို့ ဖော်ပြခဲ့ပေမယ့် အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ အသေးစိတ်သတင်းအချက်အလက်တော့ မပါဝင်ခဲ့ပါဘူး။

အက်သလက်တီကိုအသင်းကတော့ ဆာအူလ်နဲ့လမ်းခွဲလိုက်ရရင် သူ့နေရာမှာအစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦး အမြန်ဆုံး

ခေါ်ယူသွားဖို့စီစဉ်နေပြီး အူဒီးနီးစ်ကွင်းလယ်လူ ဒီပေါလ်ကို ပေါင်(၃၄)သန်းနဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။