Spots news

အသင်းဟောင်း ယူနိုက်တက်က ကမ်းလှမ်းခဲ့ပါက လစာလျော့ယူသွားမယ့် ရိုနယ်ဒို

Unicode Version

Goal ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ရဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြ အယ်လီဂရီနီတို့ဟာ ယမန်နေ့မှာ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ဆွေးနွေးမှုအတွင်း ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး

ဆွေးနွေးခဲ့ကြပြီး စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ရိုနယ်ဒိုကို ဝယ်ယူချင်တဲ့ အသင်းတွေ ရှိလာပါက ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၅နှစ် အရွယ် ပေါ်တူဂီ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာ ဖြစ်သလို လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ်

အယ်လီဂရီနီဟာ ရိုနယ်ဒို ကို သဘောမကျတာကြောင့် ယခုနှစ် နွေရာသီမှာပဲ ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တိုက်တွန်းခဲ့ပါတယ်။

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ ကြားမှာ ဆက်ဆံရေးတွေ အေးခဲနေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန်လောက်မှာ သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့

နည်းပြ အယ်လီဂရီနီရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒမရှိတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့

ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေပြီး ရိုနယ်ဒိုကတော့ ပီအက်စ်ဂျီအသင်းထက်

အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့

လစာငွေ လျှော့ယူမှုတွေလည်း ပြုလုပ်သွားမယ်လို့ ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒို အတွက် ပေါင် ၃၀သန်းနဲ့ ၄၀သန်းကြား လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။

ပီအက်စ်ဂျီ ကတော့ တိုက်စစ်မှူး အမ်ဘာပေ ထွက်သွားမှသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် အနေအထားမှာ ရှိနေပါတယ်။