Spots news

2020 ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ ဘရူနို ဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက် သည် နာမည်ကြီး အားကစား သတင်းဌာန တစ်ခုဖြစ်တဲ့ Goalရဲ့ ၂၀၂၀ခုနှစ် အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရကြောင်း သိရှိ ရပါ တယ်။

အသက် ၂၆နှစ် အရွယ် သာ ရှိသေးတဲ့ ပေါ်တူဂီကွင်းလယ် ကစားသမား ဖာနန်ဒက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့မှာ စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် ရောက်ရောက်ချင်း ချက်ချင်း ပွဲထွက်ခွင့် ရခဲ့ကာ အသင်းနဲ့ အလျင်အမြန် အထိုင်ကျသွား ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် မရှိမဖြစ် အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ ပါတယ်။

Goalရဲ့ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်နဲ့ နှိုင်းယှဉ်ခံခဲ့ ရပြီး ဘရူနို ဖာနန်ဒက်ရဲ့ စွမ်းဆောင်ရည်ဟာ ဆာလက်ထက် များစွာ သာလွန်နေသလို ဖာနန်ဒက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးပါပုံဟာ လီဗာပူးအသင်း အတွက် ဆာလက်ရဲ့ အရေးပါပုံထက် ပိုသာနေတာကြောင့် အခုလို အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ကြောင်း Goal က ရှင်းပြ သွားခဲ့ ပါတယ်။

ဘရူနို ဖာနန်ဒက်ဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ ပါတယ်။

ဘရူနို ဖာနန်ဒက်ရဲ့ ပရီးမီးယားလိဂ် မှတ်တမ်းဟာ ၁ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း ၁ဂိုးထက် ကျော်လွန်နေပြီး ဒါဟာ ပရီးမီးယားလိဂ် ကစားသမားတွေ အားလုံးထက် အမြင့်ဆုံး စံချိန်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ ၁၁လ အတွင်းမှာ ပရီးမီးယားလိဂ် က ပေးအပ်ချီးမြှင့်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၃ကြိမ်အထိ ရရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အများဆုံး ရရှိခဲ့သူ အဖြစ်လည်း မှတ်တမ်း ဝင်စေပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ ဘောလုံး သုံးသပ်သူတွေက ဖာနန်ဒက် ဟာ ဒီဘရိုင်းနည်းတူ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်နေပြီ လို့ သုံးသပ် ထားကြ ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဘ႐ူနို ဖာနန္ဒက္ သည္ နာမည္ႀကီး အားကစား သတင္းဌာန တစ္ခုျဖစ္တဲ့ Goalရဲ႕ ၂၀၂၀ခုႏွစ္ အတြင္း ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမား အျဖစ္ သတ္မွတ္ ခံခဲ့ရေၾကာင္း သိရွိ ရပါ တယ္။

အသက္ ၂၆ႏွစ္ အ႐ြယ္ သာ ရွိေသးတဲ့ ေပၚတူဂီကြင္းလယ္ ကစားသမား ဖာနန္ဒက္က ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕မွာ စပို႔တင္းလစၥဘြန္း အသင္းကေန မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ေပမယ့္ ေရာက္ေရာက္ခ်င္း ခ်က္ခ်င္း ပြဲထြက္ခြင့္ ရခဲ့ကာ အသင္းနဲ႕ အလ်င္အျမန္ အထိုင္က်သြား ခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ အတြက္ မရွိမျဖစ္ အဓိက ကစားသမား တစ္ဦး ျဖစ္လာခဲ့ ပါတယ္။

Goalရဲ႕ ၂၀၂၀ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမား အျဖစ္ သတ္မွတ္ခံရဖို႔ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ခါးသီးၿပိဳင္ဘက္ လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဆာလက္နဲ႕ ႏွိုင္းယွဥ္ခံခဲ့ ရၿပီး ဘ႐ူနို ဖာနန္ဒက္ရဲ႕ စြမ္းေဆာင္ရည္ဟာ ဆာလက္ထက္ မ်ားစြာ သာလြန္ေနသလို ဖာနန္ဒက္ရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ အေရးပါပုံဟာ လီဗာပူးအသင္း အတြက္ ဆာလက္ရဲ႕ အေရးပါပုံထက္ ပိုသာေနတာေၾကာင့္ အခုလို အေကာင္းဆုံး ကစားသမား အျဖစ္ သတ္မွတ္ ခံခဲ့ရတာ ျဖစ္ေၾကာင္း Goal က ရွင္းျပ သြားခဲ့ ပါတယ္။

ဘ႐ူနို ဖာနန္ဒက္ဟာ ၂၀၂၀ ခုႏွစ္ အတြင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၈ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၈ဂိုး အထိ သြင္းယူ ေပးနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၃ႀကိမ္ အထိ ျပဳလုပ္ နိုင္ခဲ့ ပါတယ္။

ဘ႐ူနို ဖာနန္ဒက္ရဲ႕ ပရီးမီးယားလိဂ္ မွတ္တမ္းဟာ ၁ပြဲမွာ ဂိုးပါဝင္ ပတ္သတ္မႈႏႈန္း ၁ဂိုးထက္ ေက်ာ္လြန္ေနၿပီး ဒါဟာ ပရီးမီးယားလိဂ္ ကစားသမားေတြ အားလုံးထက္ အျမင့္ဆုံး စံခ်ိန္လဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘ႐ူနို ဖာနန္ဒက္ဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ကစားခဲ့တဲ့ ၁၁လ အတြင္းမွာ ပရီးမီးယားလိဂ္ က ေပးအပ္ခ်ီးျမႇင့္တဲ့ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ၃ႀကိမ္အထိ ရရွိခဲ့ၿပီး ဒါဟာ ၂၀၂၀ ခုႏွစ္ အတြင္းမွာ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို အမ်ားဆုံး ရရွိခဲ့သူ အျဖစ္လည္း မွတ္တမ္း ဝင္ေစပါတယ္။ လက္ရွိမွာေတာ့ အဂၤလန္ရဲ႕ ေဘာလုံး သုံးသပ္သူေတြက ဖာနန္ဒက္ ဟာ ဒီဘရိုင္းနည္းတူ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကြင္းလယ္ ကစားသမား တစ္ဦး ျဖစ္ေနၿပီ လို႔ သုံးသပ္ ထားၾက ပါတယ္။