Spots news

ဘာစီလိုနာရဲ့ စတုတ္ထမြောက်ခေါ်ယူမှု ဖြစ်လာတော့မယ့် ဒီပေး

Unicode Version

ဘာစီလိုနာအသင်းဟာ မန်းဖစ် ဒီပေးကို ခေါ်ယူတဲ့အကြောင်း လာမယ့်အပတ်မှာ တရားဝင် ကြေညာနိုင်ကြောင်း စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကတ္တလန်အသင်းဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက အဂူရို၊ အဲရစ် ဂါစီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။

အလားတူ ယမန်နေ့ကလည်း ဘက်တစ် ညာနောက်ခံလူ အီမာဆင်ကို ပေါင် ၇.၈သန်း ပေးကာ ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့်အပတ်မှာပဲ ဘာကာရဲ့ စတုတ္ထမြောက် ခေါ်ယူမှုအဖြစ်

လိုင်ယွန် တိုက်စစ်မှူး ဒီပေးကို ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။ သတင်းတွေရဲ့အဆိုအရ ၂၇နှစ်သားဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဘာကာမှာ လစာလျော့ယူကာ ကစားရဖို့ ရှိနေကြောင်း သိရပါတယ်။

ဒီပေးဟာ ဘာစီလိုနာကို ပြောင်းဖို့အတွက် ဂျူဗင်တပ်စ် အပါအဝင် အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီပေးဟာ ယူနိုက်တက်မှာ ၂ရာသီ အတွင်း ၇ ဂိုးသာ သွင်းနိုင်ခဲ့ပြီးနောက်၂၀၁၈တွင် လိုင်ယွန်ကို ပြောင်းခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်မှာ ကောင်းမွန်တဲ့ ကစားသမားဘ၀ ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး ၁၇၈ပွဲ ကစားရာမှာ ၇၆ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပေးရဲ့ နိုင်ငံတူအသင်းဖော် ဝင်ဂျ်နယ်ဒဒမ်ကိုလည်း အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်လျက် ရှိနေပါတယ်။