Spots news

နည်းပြသစ် အန်စလော့တီနဲ့ မကျေလည်မှု့တွေ ရှိခဲ့တာကြောင့် ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာတဲ့ ဗာရန်း

Unicode Version

ယူနိုက်တက် ရဲ့နွေရာသီ အဓိက ခံစစ်မှုးအဖြစ် ခေါ်ယူခံရဖို့ ရေပန်းစားလာတဲ့ ရီးရဲလ် နောက်ခံလူ ရာဖေးလ် ဗာရန်း ဟာ နည်းပြသစ်ဖြစ်လာတဲ့ အန်စလော့တီ နဲ့ အဆင်မပြေမှုတွေ တစ်ချိန်က ရှိခဲ့တဲ့ အတွက် ဒီအချက်က ဗာရန်းကို မန်ချက်စတာ ယူနိုက်တက်သို့ အပြောင်းရွှေ့ကိုမီးစာထိုးပေးသလို ဖြစ်လာနိုင်ပါတယ်။

အန်စလော့တီ ရဲ့ ပထမအကြိမ် ရီးရဲလ်နည်းပြဘဝမှာ ဗာရန်း က ရုန်းကန်ခဲ့ရပြီး ပွဲထွက်ခွင့်ရဖို့ ခက်ခဲသလို ထိုစဉ်က လူငယ်ကစားသမားသာရှိသေးတဲ့ ဗာရန်းအစား ပီပီ ကိုသာ ပွဲထွက်ခွင့်ပေးနေတဲ့ ကားလိုစ့်ကိုလည်း ပြင်သစ်သားကဝေဖန်မှု့တွေပြုလုပ်ခဲ့ပါသေးတယ်။

ဗာရန်းကိုယ်တိုင်က အန်စလော့တီ လက်အောက်မှာဆိုရင် သူ့အနေနဲ့ တိုးတက်မှု့ကြီးကြီးမားမား ကြုံတွေ့ရမှာ မဟုတ်ကြောင်း ဝေဖန်ခဲ့သလို ယခုတစ်ကြိမ်မှာလည်း သူ့ရဲ့ ထွက်ခွါမှုကို နည်းပြဖက်က ခွင့်ပြုပေးနိုင်လို့ ယူနိုက်တက် အနေနဲ့ အားသာချက်တွေ ကရှိလာတယ်လို့ဆိုနိုင်ပါတယ်။

ဗာရန်းက “ သူ(အန်စလော့တီ) ထွက်သွားတဲ့အချိန်ကစပြီး ကျနော်တိုးတက်လာတာပါပဲ။သူသာကျနော့်ကို အတော်လေးခက်ခက်ခဲခဲ ကြိုးစားနေရတဲ့အချိန်မှာ ရွေးချယ်ပေးခဲ့ရင် အဲ့တုံးထဲကပွဲတွေအများကြီးကစားခဲ့ရမှာပါ။ိ

ကျနော်တို့ကြားမှာမတူညီတာတွေကအများအပြားရှခဲ့တာပါပဲ။ အဆုံးမှာတော့ သူ ကျနော့်ကို အရေးကြီးတဲ့ကစားသမားအဖြစ်သတ်မှတ်ကြောင်း ပြောဆိုခဲ့ပါတယ် ” လို့ဆိုပါတယ်။

ရီးရဲလ်ကလည်း ရာမိုစ့်ကိုဆက်လက်ထိန်းသိမ်းဖို့အတွက် ဗာရန်း ကို ရောင်းချလိုပြီး တစ်နှစ်သာကျန်ရှိတော့တဲ့စာချုပ်သက်တမ်းက (၂၇) နှစ်သားအရွယ် ကမ္ဘာ့အဆင့် နောက်ခံလူကို ယူရို(၃၅)သန်းဝန်းကျင်နဲ့ရရှိနိုင်ပြီး

မန်ယူနိုက်တက်က ရှေ့ပြေးအသင်းအဖြစ် ဦးဆောင် နေပါတယ်။ ယူနိုက်တက် ခံစစ်အတွက် ဗာရန်း ကို ဆာအဲလက်စ်ရှိစဉ်ထဲက ကြိုးစားခဲ့ဖူးပြီး ပြင်သစ် အထိ သွားရောက်စည်းရုံးခဲ့ပေမယ့် ဇီဒန်း ကြောင့် ရီးရဲလ်ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။