Spots news

ချီချာရီတိုရဲ့ နံပါတ်ကို ဆန်ချိုကိုပေးပြီး ဗီဒစ်ရဲ့ ကျောနံပါတ်ကို ဗာရန်းကိုပေးမယ့် မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာသာရရှိခဲ့ပြီး ယူရိုပါလိဂ် ဖိုင်နယ်မှာလဲ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားလက်မဲ့ဘောလုံးရာသီကို ရင်ဆိုင်ခဲ့ရပြီး

လာမည့် ဘောလုံး ရာသီမှာ ဆုဖလားကို စိန်ခေါ်နိုင်ဖို့ လိုအပ်တဲ့ လူအင်အား ဖြည့်တင်းမှု‌ တွေကို ယခု နွေရာသီ အပြောင်းအရွေ့မှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သိသာစွာ လိုအပ်နေတဲ့ ညာတောင်ပံ ကစားသမားတစ်ဦး၊ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ဗဟိုခံစစ်မှူးတစ်ဦးကို ဆိုးလ်ရှားက အလိုရှိနေပြီး

အဆိုပါ ကစားသမားတွေကို မရရအောင်ခေါ်ယူသွားဖို့ ရှိနေပါတယ်။ အဆိုပါ နှစ်နေရာအတွက် ဒေါ့မွန်မှ ဆန်ချို နဲ့ ရီးရဲလ်မက်ဒရစ်မှ ဗာရန်း တို့ကို ချိတ်ဆက်လျက် ရှိနေပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများအရ ဗာရန်း ရီးရဲလ်ကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သိရပြီး ရီးရဲလ်အနေနဲ့ လာမယ့် နွေရာသီမှာမရောင်းချခဲ့ဘူးဆိုရင် နောက်တစ်နှစ်မှာ အလွတ်ထွက်ခွာခွင့် ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်နောက်ခံလူ အတွက် ထိုက်တန်တဲ့ ဈေးနှုန်း ရရှိခဲ့မယ်ဆိုရင် ရီးရဲလ်က ရောင်းချသွားဖို့ ရှိနေပြီး ယူနိုက်တက်အနေနဲ့ အကျေအလည် ဆွေးနွေးနိုင်မယ်ဆိုရင် ခေါ်ယူနိုင်လိမ့်မယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဆန်ချိုကတော့ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ပြီး နွေရာသီမှာ ပေါင်သန်း ၁၀၀ အောက် ဈေးနှုန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကစားသမား ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာချင်နေပြီး

ယူနိုက်တက်ကို စိတ်ဝင်စားတဲ့ အမူအရာတွေပြသနေကာ ဆိုးလ်ရှားရဲ့ တောင်းဆိုမှုကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဆန်ချိုကို မရရအောင် ခေါ်ယူပေးသွားဖွယ် လည်းရှိနေပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းစာရဲ့ ဖော်ပြချက်အရဆိုရင်တော့ ယူနိုက်တက် ဂန္ထဝင်ခံစစ်မှူး နီမန်ဂျာဗီဒစ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၅ ကို ဗာရန်း အတွက် ချန်လှပ်ထားတယ်လို့ သိရပြီး ဂျေဒန်ဆန်ချို အနေနဲ့

လက်ရှိမှာ ကာဗာနီက ကျောနံပါတ် ၇ ကို ရယူထားတာကြောင့် သူ့ရဲ့ပထမဆုံးရာသီမှာဆိုရင် ချီချာရီတို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄၊ ဗန်ပါစီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ဝတို့ကို ယူနိုက်တက်က ပြင်ဆင်ထားကြောင်း သိရပါတယ်။