Spots news

ကိုပါပြိုင်ပွဲ အိမ်ရှင်အဖြစ်လက်ခံလိုက်တဲ့ ကိစ္စအပေါ် ဘရာဇီးကစားသမားများ မကျေနပ်

Unicode Version

ကိုလံဘီယာနဲ့ အာဂျင်တီးနားနိုင်ငံတို့မှာ ပူးတွဲကျင်းပဖို့ စီစဉ်ထားတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ကိုလံဘီယာရဲ့ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုနဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ကိုဗစ်ရောဂါပိုး မထိန်းချုပ် သေးတာတွေကြောင့် ဘရာဇီး နိုင်ငံက

ကမန်းကတန်း အိမ်ရှင်လုပ်လိုက် ရတာပါ။ ဒါပေမယ့် အခု လက်ခံကျင်းပဖို့ သဘောတူထားတဲ့ ဘရာဇီးနိုင်ငံ ဟာလည်း ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ တတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး စီးပွားရေး ကျပ်တည်းမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် ဘရာဇီးလက်ရွေးစင် အသင်းသားတစ်ချို့ဟာ နိုင်ငံ ကျပ်တည်းနေချိန်မှာ ကိုပါအမေရိက ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေကြပြီး ဘောလုံးအဖွဲ့ချုပ်နဲ့

တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ အလိုရှိနေကြပါတယ်။ အသင်းခေါင်းဆောင် ကာစီမီရို တစ်ယောက်ကတော့ သူ့ရဲ့ မကျေနပ်တဲ့ သဘောထားကို ပြသတဲ့အနေနဲ့ အီကွေဒေါနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ဘရာဇီး အသင်း နည်းပြ တီတီ ကတော့ ကက်စ်မဲရိုး မတက်ရောက်တဲ့ အပေါ် ကာကွယ်ပြောကြားခဲ့တာပါ။ သူက ” ကျွန်တော်တို့ကတော့ အီကွေဒေါ နဲ့ ပွဲကိုပဲ

အာရုံစိုက်ထားကြဖို့ ကစားသမားတွေကို ပြောထားပါတယ်။ နောက်ပြီး ကစားသမားတွေဘက်က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တိုက်ရိုက်စကားပြောခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

အရာအားလုံးက ပွင့်ပွင့်လင်းလင်း ရှိတဲ့ စကားဝိုင်းဆွေးနွေးမှုပါပဲ၊ ကစားသမားတွေရဲ့ ရပ်တည်ချက်ကလည်း လုံးဝကို ရှင်းရှင်းလင်းလင်းပါပဲ၊

ဘာတွေပြောခဲ့ ကြသလဲဆိုတာတော့ အခု အချိန်မှာ ထုတ်ပြောလို့ မရနိုင်သေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ အီကွေဒေါ နဲ့ပွဲမှာ ကစားပုံကောင်းဖို့ နဲ့ အနိုင်ရဖို့ကိုပဲ အာရုံ စိုက်ထားပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ နောက်ပိုင်းကျရင် အခြေအနေတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့ နားလည်ထားပါတယ်။ ကစားသမားတွေ ဆီမှာလည်း အကြံဉာဏ်တွေ ရှိပါတယ်၊

သူတို့ ဖြစ်စေချင်တာကို ဥက္ကဋ္ဌကို ပြောပြခဲ့ပြီးပါပြီ ၊ အချိန်တန်ရင် လူထုကိုလည်း ပြောပြပါလိမ့်မယ်၊ ဒါကြောင့် ဒီနေ့ အင်တာဗျူး အစီအစဉ်မှာ အသင်းခေါင်းဆောင် ကာစီမီရိုကို မတွေ့ရတာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စနေနံနက် ၇ နာရီမှာ အီကွေဒေါ အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲကို

ဘရာဇီးအသင်းမှာ နေမာအပါအဝင် နာမည်ကြီး ကစားသမားတွေကို ရွေးချယ်ထားပြီး အာဂျင်တီးနားနဲ့အတူ ဗီုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေပါတယ်။