Spots news

ဘိုင်ယန်မြူးနစ် နောက်ခံလူ ဆူလေ ကို ခေါ်ယူဖို့ အခြေအနေကောင်းနေတဲ့ ချယ်လ်ဆီး

Unicode Version

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သလို စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ အသင်းရဲ့ အဓိက နောက်ခံလူ ဆူလေ အတွက်

ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဂျာမန် လက်ရွေးစင် နောက်ခံလူ ဆူလေဟာအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမားတဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေပေမယ့်

လက်ရှိအချိန်အထိ ဆွေးနွေးမှုတွေဟာ တိုးတက်လာခြင်း မရှိသလို ဥရောပ အသင်းကြီး တချို့ကလည်း ဆူလေကို ခေါ်ယူဖို့ စောင့်ကြည့် နေကြပါတယ်။

ဆူလေကို ခေါ်ယူဖို့ လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်း ၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းတို့က

စောင့်ကြည့်နေပြီး အဆိုပါအသင်းတွေ အနက် ဂျာမန်လူမျိုး နည်းပြ တူချယ် ရှိတဲ့ ချယ်လ်ဆီးအသင်းဟာ ဆူလေကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေကြောင်း သိရပါတယ်။

ဆူလေဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံမှာ ၃၃ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းဟာ ဆူလေကို ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင်နဲ့

ရောင်းထုတ်ဖို့ စီစဉ်နေပြီး ဆူလေအတွက် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြောင်း သတင်းများက ရေးသားထားပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျာမန် နောက်ခံလူ ဆူလေဟာ ၂၀၁၇ခုနှစ်မှာ ဟော့ဖန်ဟိမ်းအသင်း ကနေ ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့လာကာ

အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တဲ့ ကစားသမားတဦး ဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၂ခုနှစ် ဇွန်လ အကုန်မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။