Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဒ်စ်အသင်း အတွက် ခြေစွမ်းပြကစားခဲ့တဲ့ ကွင်းလယ်လူ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ တခြားပြိုင်ဘက် အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး တို့နဲ့အပြိုင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
လိဒ်စ်အသင်းဟာ အသက်(၂၄)နှစ် အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ဟာကို ၂၀၂၀ ခုနှစ်တုန်းက ရန်းစ် အသင်းကနေ ပေါင်(၁၇)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲပေါင်း(၃၀)ကစား (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉)ဂိုးပြုလုပ်ခဲ့တဲ့ ရာဖင်ဟာကို ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး၊ ယူနိုက်တက်တို့က အပြိုင်အဆိုင် ပစ်မှတ်ထား နေကြပြီး ယူနိုက်တက် အသင်းက လက်ဦးမှု ရယူနိုင်ဖို့ ပိုမိုနီးစပ် နေပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ရာဖင်ဟာတို့ဟာ စပို့တင်း လစ္စဘွန်းအသင်းမှာ အတူတကွ ကစားခဲ့ဖူးသလို ရင်းနှီးတဲ့သူတွေ ဖြစ်တာကြောင့် ယူနိုက်တက် အသင်းက အဲဒီအချက်ကို အသုံးချပြီး ရာဖင်ဟာကို ခေါ်ယူဖို့ ပြင်ဆင် နေတာပါ။
ဒါပေမဲ့လည်း လိဒ်စ် အသင်းက သူတို့ရဲ့အဓိက ကစားသမားကို လွယ်လွယ်နဲ့ လက်လွတ်ခံဖို့မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ လီဗာပူး မန်စီးတီးတို့နဲ့ အပြိုင် ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။