Spots news

အဂူရိုရဲ့ နေရာကို အစားထိုးဖို့ အန်ဒရီဆေးလ်ဗားကို ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ မန်စီးတီး

Unicode Version

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး

လာမည့်ရာသီမှာ ဆုဖလားတွေ ပြန်လည်စိန်ခေါ်နိုင်ဖို့ လူအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

နွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရိုနေရာ အတွက် ရှာဖွေနေပြီး ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားကို ချိတ်ဆက်နေပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်နွေမှာ တိုက်စစ်မှူးသစ် ရှာဖွေနေပြီး ဒေါ့မွန်စတား ဟာလန်း နဲ့ တော့တင်ဟမ်စတား ဟယ်ရီကိန်းတို့ကိုလည်း ချိတ်ဆက်နေပါတယ်။

ဒါပေမယ့်နည်းပြ ဂွါဒီယိုလာကတော့ ပြောင်းရွေ့ကြေး များစွာ ပေးချေရမယ့် ဟာလန်း ၊ ဟယ်ရီကိန်း တို့ထက် ဆေးလ်ဗားကို သဘောကျနေတယ်လို့

သတင်းတွေက ဆိုပါတယ်။ အသက် ၂၅ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီက ၃၄ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆေးလ်ဗားဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၂၀ အတွက် ပြင်ဆင်နေပါတယ်။ သတင်းတွေအရ မန်စီးတီးဟာ ဆေးလ်ဗားရဲ့အေးဂျင့်နဲ့ဆက်သွယ်ပြီးပြီလို့

ဖော်ပြနေကြပါတယ်။ ပေါ်တူဂီသားကို ပေါင် ၃၅ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပြိး ရီးရဲလ်၊ ယူနိုက်တက်နဲ့ တီကိုတို့က ချိတ်ဆက်နေပါတယ်။

Zawgyi Version



