Spots news

အန်ဆယ်လော့တီ ခေါ်ယူဖို့ ကြိုးစားမယ့် အဲဗာတန်က တပည့်ဟောင်း ရစ်ချာလီဆန်

Unicode Version

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် အဲဗာတန်နဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ခေါ်ယူဖို့အတွက် နည်းပြအန်ဆယ်လော့တီကိုယ်တိုင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းရဲ့နေရာမှာ အစားဝင်လာခဲ့ပြီးနောက် လာမယ့်ရာသီအတွက် ကစားသမားသစ်တစ်ချို့ကို ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

၆၁ နှစ်အရွယ် နည်းပြကြီးဟာ မက်ဒရစ်မှာ အောင်မြင်ခဲ့သူဖြစ်ပြီး ဆုဖလားများစွာ ရယူပေးခဲ့ဖူးပါတယ်။ အခုလည်း သူ့ရဲ့အောင်မြေကို ပြန်လည် ရောက်ရရှိလာခဲ့ပြီးနောက် သူ့စိတ်ကြိုက်အသင်းတစ်သင်းကို

တည်ဆောက်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အီတလီသားနည်းပြကြီးရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်ဆုံးက ရှိနေတဲ့ ကစားသမားကတော့ အဲဗာတန်ရဲ့ ၂၄ နှစ်အရွယ် တိုက်စစ်မှူး ရစ်ချာလီဆန်ပဲဖြစ်ပါတယ်။

ရစ်ချာလီဆန်ဟာ ၂၀၁၈ မှာ ဝက်ဖို့ဒ်ကနေ အဲဗာတန်ကို ရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မာဆေးဆိုက်ကလပ်အတွက် ပွဲပေါင်း ၁၁၉ ပွဲကစားခဲ့ပြီး

သွင်းဂိုး ၄၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ နည်းပြအန်ဆယ်လော့တီရဲ့ လက်အောက်မှာလည်း အကောင်းဆုံး ခြေစွမ်းပြသခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ အနည်းငယ် ခြေစွမ်းကျဆင်းခဲ့ပါတယ်။

ဘရာဇီးသားဟာ အထောင်တိုက်စစ်မှူးအဖြစ်ရော တောင်ပံကစားသမားအဖြစ်ပါ ခြေစွမ်းပြကစားနိုင်သူဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှာ ပြိုင်ပွဲစုံပွဲ ၄၀ ကစားပြီး ၁၃ ဂိုးသွင်း ၃ ဂိုးဖန်တီးထားပါတယ်။

နည်းပြကြီးကလည်း ရစ်ချာလီဆန်ဟာ ရီးရဲလ်မက်ဒရစ်အတွက် သင့်တော်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး စပိန်မှာလည်း တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့် လက်ရှိရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှာ ဗီနီစီးရပ်စ်ဂျူနီယာ၊ ရိုဒရီဂိုဂိုးစ်၊ အီဒင်ဟာဇက်နဲ့ မာကိုအဆန်စီယိုတို့လို ကြယ်ပွင့်ကစားသမားတွေ ရှိနေတာကြောင့် ပုံမှန်နေရာရဖို့အတွက်တော့ ရုန်းကန်ရနိုင်ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ရာသီက သွင်းဂိုးတွေ ရရှိဖို့ ဝါရင့်တိုက်စစ်မှုး ကာရင်ဘန်ဇီးမားကို အလွန်အကျွံ အားကိုးခဲ့ရမှုကနေ သက်သာရာရလာနိုင်ပါတယ်။

ရစ်ချာလီဆန်ကလည်း ဒီနွေရာသီမှာ အသင်းကထွက်ခွာခွင့် ပေးဖို့ဖိအားပေးလာနိုင်တာကြောင့် အဲဗာတန်ကလည်း သူ့နေရာမှာ အစားထိုးဖို့ မန်စီးတီးက ရာဟင်စတာလင်းကို

စိတ်ဝင်စားလာပါတယ်။ လာမယ့်အပြောင်းအရွှေ့ ကာလမှာတော့ အသင်းတွေရဲ့ ထိပ်တန်းကစားသမား တစ်ချို့အသင်းပြောင်းရွှေ့မှုတွေကို မြင်တွေ့ရနိုင်ပါတယ်။