Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကြယ်ပွင့် အာမက် ဒီယာလိုဟာ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းနဲ့ ဒုတိယမြောက်ပွဲစဥ်မှာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို ဖရီးကစ်ကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက်ဆီသို့ ရောက်ရှ်လာတဲ့ ဒီယာလိုဟာ
နည်းပြ ဆိုးရှားရဲ့ လက်အောက်မှာ ပွံထွက်ခွင့် အနည်းငယ်သာ ရရှိထားပေမယ့် ပရိသတ်တွေက လူငယ်ကစားသမားရဲ့ ခြေစွမ်းကို အများကြီး မျှော်လင့်ထားကြပါတယ်။
ဒီယာလိုဟာ မတ်လမှာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် ပထမအကြိမ်ရွေးချယ်ခံရပြီး ပြီးခဲ့တဲ့ စနေနေ့ညမှာတော့ ဒုတိယအကြိမ်အဖြစ်
ဘူကီးနာဖာဆိုအသင်းနဲ့ ပွဲစဥ်အတွင်း လူစားဝင်ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဖရီးကစ်ကနေ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဘူကီးနားဖာဆိုက ပွဲကစားချိန် ( ၁၆ ) မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အာမက်က ( ၁ – ၀ ) ရှုံးနိမ့်နေချိန် မိနစ် ( ၆၀ ) ဝန်းကျင်မှာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။
ပွဲကစားချိန် ( ၇၂ ) မိနစ်မှာ ကွင်းလယ်ကစားသမား Ibrahim Sangare က ( ၁-၁ ) ဖြစ်စေမယ့် ချေပဂိုးသွင်းယူပေးခဲ့ပြီး ဒီယာလိုက နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
Zawgyi Version